SJ WorldNews - шаблон joomla Авто

မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်တွင် ချန်ပီယံဆုကို သုံးနေရာ စီစဉ်မည်

Wednesday, 11 September 2019 13:00 font size decrease font size decrease font size increase font size increase font size

မြန်မာနေရှင်နယ်လိဂ်    အမှတ်ပေး ဘောလုံးပြိုင်ပွဲ   နောက်ဆုံး ပွဲစဉ်အထိ ချန်ပီယံဆုရရှိရန်     ရှမ်းယူနိုက်တက်၊ ရန်ကုန် ယူနိုက် တက်နှင့်   ဧရာဝတီယူနိုက် တက်အသင်းတို့    အပြိုင်ဖြစ်နေသည့် အတွက်  ဆုဖလားကို  နေရာသုံး နေရာ၌ စီစဉ်မည်ဖြစ်ကြောင်း မြန်မာနေရှင် နယ်လိဂ် မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်း၏ ပြောဆို ချက်အရ သိရသည်။

နောက်ဆုံးပွဲစဉ်များကို   စက်တင်ဘာ ၁၅ ရက်တွင် သက်ဆိုင်ရာ အားကစားကွင်းများ၌ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်သည်။

““လက်ရှိ  အမှတ်ပေးဇယား အရတော့ ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီယူနိုက်တက်အသင်း တို့က ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေကြ တယ်။   ဒါကြောင့်   နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံဖလား တစ်ခုစီကို တောင်ကြီး၊ ပုသိမ်နဲ့  ရန်ကုန် နေရာသုံး နေရာမှာ စီစဉ်ထား ပါတယ်”” ဟု ဦးရဲမင်းဝင်းက ပြောသည်။

နောက်ဆုံးပွဲစဉ် မတိုင်မီ မြန်မာနေရှင် နယ်လိဂ် ပွဲစဉ် (၂၁) အပြီးတွင် ရှမ်းယူနိုက် တက်အသင်းက   ရမှတ်  ၄၃  မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေပြီး  ဧရာဝတီယူနိုက်တက် အသင်းက ရမှတ် ၄၁ မှတ်ဖြင့် အဆင့်(၂)၊ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်အသင်းက   ရမှတ်၄၀ ဖြင့်  အဆင့်(၃) နေရာ၌ ရပ်တည်နေသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ရာသီပိတ် နောက်ဆုံးပွဲစဉ်တွင်  အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသည့်   ရှမ်းယူ နိုက်တက် အသင်းသည်      တောင်ကြီး အားကစားကွင်း၌ ရခိုင်ယူနိုက်တက် အသင်း နှင့်  ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  အဆင့်(၂) နေရာက ဧရာဝတီယူနိုက်တက် အသင်းက   ပုသိမ်အားကစားကွင်း၌  စစ်ကိုင်း ယူနိုက်တက်အသင်း၊ အဆင့်(၃) နေရာမှ ရန်ကုန် ယူနိုက်တက်အသင်းက YUSC ကွင်း၌  မကွေးအသင်းနှင့်    ယှဉ်ပြိုင် ရမည်ဖြစ် ကြောင်း သိရ သည်။           

TZW

Read 49 times Last modified on Wednesday, 11 September 2019 13:17