SJ WorldNews - шаблон joomla Авто

Myanmar International Series ကြက်တောင်ပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ

Wednesday, 11 September 2019 13:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ကြက်တောင်

ကမာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူး ကျင်းပလျက်ရှိသည့်  ပြိုင်ပွဲများအနက် International Series ပြိုင်ပွဲတစ်ခုဖြစ် သည့် Myanmar International Series  ကြက်တောင်ရိုက်ပြိုင်ပွဲကို စက်တင်ဘာ  ၁၀ ရက်မှစတင်ကာ ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ  အမျိုးသားကြက်တောင် အားကစားခန်းမ၌  ကျင်းပသည်။

ယင်းပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုး သမီးနှစ်ယောက်တွဲပြိုင်ပွဲများ   ပါဝင်ပြီး ပထမနေ့ယှဉ်ပြိုင်မှုတွင် အမျိုးသား တစ်ဦး ချင်းပြိုင်ပွဲများယှဉ်ပြိုင်ကာ ဒုတိယနေ့တွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင် မည်ဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင် ပွဲတွင်  သက်ထားသူဇာလည်းပါဝင်ယှဉ် ပြိုင်မည်ဖြစ်သည်။

““ဒီပွဲက    နိုင်ငံတကာပြိုင်ပွဲအနေနဲ့  ဆိုရင်  တတိယမြောက်ပြိုင်ပွဲဖြစ်ပါတယ်။  ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်နဲ့ ၂၀၁၈ ခုနှစ် မှာ  တစ်ကြိမ်  အိမ်ရှင်အဖြစ်နှစ်ကြိမ် ကျင်းပခဲ့ပြီးပါပြီ။  အခု International Series ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်တဲ့  ပြိုင်ပွဲဖြစ်ပါတယ်””  ဟု မြန်မာ နိုင်ငံကြက်တောင် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉဏ်လွင်ကပြောသည်။

ပထမနေ့ပြိုင်ပွဲဖြစ်သည့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင်  ပွဲစဉ်  ၃၀ ကျင်းပ ပြီး  မြန်မာကစားသမားများ ဖြစ်ကြသည့်  ချမ်းဝင်းဦး၊ မင်းထက်ကောင်း၊ အောင်မျိုးထူး၊ သူရိန်၊ ဘုန်းပြည့်နိုင်နှင့် ဇော်လင်းထူးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

““ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ် ပြိုင်မှာပါ။ ညီမက  အင်တာနေရှင်နယ် ပြိုင်ပွဲ တော်တော်များများမှာ  ဆုတွေရဖူး ပါတယ်။ ညီမအနေနဲ့ ဒီပြိုင်ပွဲမှာ ပထမဆုံး တွေ့ရမယ့်ပြိုင်ဘက်က ထိုင်းနဲ့ပြိုင်ရမှာပါ”” ဟု သက်ထားသူဇာက ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါ အ၀င် ၁၂နိုင်ငံမှ ကစားသမား ၁၃၉ ဦး ပါဝင်ပြီး စက်တင်ဘာ ၁၅  ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

Read 19 times