SJ WorldNews - шаблон joomla Авто

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဂျပန် အသင်းက မြန်မာအသင်းကို အနိုင်ရ

Wednesday, 11 September 2019 13:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊  ဘောလုံး

၂၀၂၂ ကမာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်(၂)အဖြစ် မြန်မာအသင်းနှင့် ဂျပန် အသင်း

တို့ ယနေ့ညနေတွင် သုဝဏကွင်း၌ ယှဉ်ပြိုင် ကစားရာ ဂျပန်အသင်းက မြန်မာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသည်။

မြန်မာအသင်းသည်   ပထမပွဲအဖြစ် မွန်ဂိုလီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်း အလဲ အချို့ ပြုလုပ်ခဲ့ပြီး   ကျော်ဇင်ဖြိုး(ဂိုး)၊ ဇော်လင်း၊  စိုးမိုးကျော်၊  ဇော်မင်းထွန်း၊ နနကျော်၊  ဇော်ရဲထွန်း၊  သိန်းသန်း ၀င်း၊ လှိုင်းဘိုဘို၊ ကောင်းစည်သူ၊ အောင်သူ၊ သန်းပိုင်တို့ဖြင့်ပွဲထွက်ခဲ့သည်။ ဂျပန်အသင်းမှာ နာမည်ကြီး ကစားသမား များဖြစ်သည့် ယိုရှီဒါ၊  နာဂါတိုမို၊  အိုဆာကို၊  တိုမီယာဆု တို့ဖြင့် ပွဲထွက်ခဲ့ပြီး  ကူဘိုကို  မိနစ် ၈၀မှ လဲလှယ် အသုံးပြု ခဲ့သည်။

မြန်မာအသင်းသည်  ခံစစ်အသားပေး ကစား ခဲ့သောကြောင့်   ဂျပန်အသင်းက ပွဲစကတည်းက   ဖိကစားနိုင်ခဲ့သည်။ မြန်မာ အသင်းသည် ဂျပန်တိုက်စစ်ကို ၁၅ မိနစ်အထိ တောင့်ခံနိုင်ခဲ့ပြီး ၁၆ မိနစ်မှ ဂိုးစ ပေးခဲ့ရသည်။ 

ဂျပန် အသင်းအတွက်   အဖွင့်ဂိုးကို  နာကာဂျီမာက  အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။  ဂျပန်အသင်းသည်  ဂိုးရပြီး နောက်ပိုင်းတွင် တိုက်စစ် ပိုမြှင့်လာရာ ၂၆မိနစ်တွင် ထပ်မံဂိုး ရရှိခဲ့သည်။ ဒုတိယဂိုးကို မီနာမီနိုက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် ဂျပန်အသင်းက ဂိုးထပ် ရရန်   ကစားသမားများအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့်သော်လည်း မြန်မာ အသင်းနောက်တန်း  အကောင်းဆုံးထိန်း ချုပ်နိုင်ခဲ့ပြီး ဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍   ဂိုးထပ် မပေးရခြင်းဖြစ်သည်။

မြန်မာ အသင်းသည် ကမာ့ဖလား ခြေစစ်ပွဲတွင် နှစ်ပွဲကစား နှစ်ပွဲရှုံးထားပြီး ပထမပွဲတွင်  မွန်ဂိုလီးယား အသင်းကို  တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

Read 18 times Last modified on Wednesday, 11 September 2019 13:22