SJ WorldNews - шаблон joomla Авто

မော်လမြိုင်ဇုန် လူငယ်ဘောလုံး ပွဲတော်နှင့် ယူ - ၁၄ ပြိုင်ပွဲ ကျင်းပမည့်ကာလသတ်မှတ်

Thursday, 12 September 2019 12:32 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်၊ ဘောလုံး

မော်လမြိုင်ဇုန် လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

““လူငယ်ဘောလုံးပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က အသက်မှန်ကန်တဲ့   မျိုးဆက်သစ် ကစားသမားတွေ ထွက်ပေါ် လာ စေဖို့ပါ။ ဒါကြောင့်  ပြိုင်ပွဲတိုင်းမှာ အသက် မှန်ကန်မှုကို ဦးစားပေး စစ်ဆေးပါတယ်။  နောက်ပြီး စောင့်ကြည့်ရေး အဖွဲ့တွေဖွဲ့ထားပြီး အလားအလာရှိတဲ့ ကစားသမားတွေကိုလည်း ဘောလုံး အကယ်ဒမီတွေမှာ  ခေါ်ယူသင်ကြား ပေးမယ်””  ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်   တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်ဇုန် ယူ-၁၄ လူငယ် ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်းက အုပ်စုလေးစုခွဲကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး အသက် ၁၄ နှစ်အောက်   လူငယ်ဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။     

TZW

Read 13 times Last modified on Thursday, 12 September 2019 12:33