အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှု အဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဗီယက်နမ် ဖူဆယ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင် ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
အဆိုပါခြေစမ်းပွဲယှဉ်ပြိုင်ရန် မြန်မာဖူဆယ်အသင်း သည် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ဒုတိယပတ် တွင် သွားရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲအပြီး ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
““အရင်က ထိုင်းကလပ်တွေနဲ့ခြေစမ်းဖို့ ချိတ်ပေမယ့် အဆင်မပြေလို့ ဗီယက်နမ်ကလပ်တွေနဲ့ကစားဖို့ စီစဉ် ဖြစ်တာပါ။ အာဆီယံပြိုင်ပွဲက အောက်တိုဘာ ၂၁ ရက် စမှာဆိုတော့ အဲဒီမတိုင်ခင် ဗီယက်နမ်ကို တစ်ပတ် ကြိုသွားမယ်။ ခြေစမ်းပွဲ နှစ်ပွဲ ကစားမယ်။ ပြီးတာနဲ့ အာဆီယံပြိုင်ပွဲ ဆက်ကစားမှာဖြစ်ပါတယ်။ ခြေစမ်းဖို့ အသင်းတွေက ညှိနှိုင်း နေဆဲဖြစ်လို့ သေချာတာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်”” ဟု ၎င်းင်းကပြောသည်။
၂၀၁၉ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
TZW