SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား၏ ချစ်ကြည်မှုကို တုံ့ပြန်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

Friday, 13 September 2019 10:14 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊  နိုင်ငံရေး

ရပ်ဆိုင်းနေသည့်    နျူကလီးယားဆွေးနွေးပွဲများ  ပြန်စတင်ရန် ဆနရှိနေသည့် မြောက်ကိုရီးယား၏ ချစ်ကြည်မှုကို တုံ့ပြန်ရန် တရုတ်အစိုးရက အမေရိကန်အစိုးရကို စက်တင်ဘာ ၁၂ ရက်တွင်တိုက်တွန်းလိုက်သည်။

မြောက်ကိုရီးယား၏ ဆနသည် အပြုသဘော ဆောင်သော လကဏာဖြစ်ပြီး တရုတ်အစိုးရက ကြိုဆိုကြောင်း၊  အမေရိကန် နှင့် မြောက်ကိုရီးယား တို့ကြား  ယခုလကုန်တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဆွေးနွေးပွဲများ  ပြန်လည် ကျင်းပခြင်းကို တရုတ်နိုင်ငံကတွေ့မြင်လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကပြောသည်။ ထို့ပြင် တိုးတက်မှုရရှိရေး ဦးတည်သည့် ဆွေးနွေးပွဲများတွင် နှစ်ဖက်စလုံးက စိုးရိမ်နေသည့် ကိစများကို ဖြေရှင်း ရမည်ဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။ မြောက်ကိုရီးယား နိုင်ငံသည် ယခုနှစ်အတွင်း အပြုသဘော ဆောင်သည့် လုပ်ဆောင်မှုများကိုဆောင် ရွက်ပြီးဖြစ်သည့်အတွက် အမေရိကန် အစိုးရအနေဖြင့် ဆွေးနွေးပွဲများ ပြန်ကျင်းပနိုင်ရေး လက်တွေ့ကျသည့် ဆောင်ရွက် ချက်များကို လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း  ၀မ်ယီကပြောသည်။

ရပ်ဆိုင်းနေသည့်နျူကလီးယားဆွေးနွေး ပွဲများ ပြန်ကျင်းပရန်ဆန်္ဒရှိသည်ဟု မြောက်ကိုရီးယားအစိုးရက  ယခု သီတင်း ပတ် အစောပိုင်းတွင်ပြောထားသည်။ ထိုသို့ဆွေး နွေးရာတွင် အမေရိကန်အစိုးရက နည်းလမ်း အသစ်ဖြင့် ဆွေးနွေးခြင်းမရှိပါက နှစ်နိုင်ငံ ချမှတ်ထားသည့်  သဘောတူညီချက်များ အဆုံးသတ်သွားနိုင်သည်ဟု မြောက်ကို ရီးယားအစိုးရက အမေရိကန်ကိုသတိပေး ထားသည်။             

Ref: Reuters

...............

Read 37 times Last modified on Friday, 13 September 2019 10:15