SJ WorldNews - шаблон joomla Авто

နေမာကို ပီအက်စ်ဂျီ အသင်း အမြန်ဆုံး ထွက်ခွာစေလို

Friday, 13 September 2019 12:14 font size decrease font size decrease font size increase font size increase font size

ပဲရစ်၊ ဘောလုံး

ပြီးခဲ့သည့်  နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပီအက်စ်ဂျီ အသင်းမှထွက်ခွာပြီး အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည် သွားရောက်ကစားရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ဘဲ ယခုတစ်ရာသီ ပီအက်စ်ဂျီတွင် ဆက်နေမည်ဟု   ကတိပြုထားသော  တိုက်စစ်မှူးနေမာကို ပီအက်စ်ဂျီ အသင်းက အသင်းမှ မြန်မြန်ထွက်ခွာ သွားစေ လိုကြောင်း  Tuttosport သတင်းမှ ဖော်ပြသည်။

ပီအက်စ်ဂျီ အသင်း ဘောလုံးဒါရိုက်တာ လီယိုနာဒိုသည်  နေမာကို လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက် တွင်ပင်   အသင်းမှ ထွက်ခွာစေလိုပြီး နေမာ၏အေးဂျင့်လည်းဖြစ်သော ဖခင်ဖြစ်သူက အသင်းပြောင်းရန်  ဆွေးနွေးမှု များမှာ   ပြီးဆုံး သွားခြင်းမရှိ သေးဘဲ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

နေမာကို ခေါ်ယူရန် ဘာစီလိုနာအပြင်  ရီးယဲလ်နှင့် ဂျူဗင်တပ်စ် အသင်းတို့ကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထား ကြောင်း သိရသည်။

Ref:Dailymail

Read 11 times Last modified on Friday, 13 September 2019 12:15