SJ WorldNews - шаблон joomla Авто

ဘာစီလိုနာအသင်း ကော်တင်ဟို အတွက်ပေးရန် ပေါင် ၄ သန်းအကြွေးကျန် ပြီးခဲ့သည့်ရာသီအတွက် ကစားသမား များကို ဆုကြေးလည်းပေးရန်ရှိနေ

Wednesday, 09 October 2019 10:22 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရလဒ်  များဆိုးရွားနေသော်လည်း တင်ရှိနေသောကြွေးမြီ များကြောင့် လာမည့်ဇန်န၀ါရီဈေးကွက်၌ ကစား သမားသစ်များခေါ်ယူရန် ငွေကြေးသုံးစွဲနိုင်မည် မဟုတ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ်နှစ်က  လီဗာပူးမှ ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ၎င်းင်းသည် ဘာစီလိုနာအတွက် ၇၆ ပွဲကစားပေးခဲ့ပြီး ၂၁ ဂိုးသွင်းကာ ၁၁ ဂိုးသာ ဖန်တီးပေးနိုင်သည့်အတွက်  ယခုနှစ်  နွေရာသီ ဈေးကွက်တွင် ဘိုင်ယန်သို့အငှားစေလွှတ်ခဲ့ရသည်။  

ဘာစီလိုနာအသင်းသည်   ကော်တင်ဟိုကို ခေါ်ယူမှုအတွက် လီဗာပူးအား ပြောင်းရွှေ့ကြေးပေးချေရာတွင် အပြီးမချေနိုင်သေးဘဲ အကြွေး ပေါင် ၈၄ သန်း ကျန်ရှိနေသေးသည့်အတွက် အသင်း၌   တင်ရှိနေသော ကြွေးမြီပမာဏသည်  ပိုမိုများပြားလာသည်။  ဘာစီလိုနာသည်   ဖရန်ကီဒီဂျောင်ကိုခေါ်ယူမှုတွင်  ပေါင် ၄၃ သန်း၊  မယ်လ်ကွန်ကိုခေါ်ယူမှုတွင်  ပေါင် ၂၇ သန်း၊  အာသာမီလိုကိုခေါ်ယူမှုတွင် ပေါင် ၂၅ သန်း၊  ဗီဒယ်ကိုခေါ်ယူမှုတွင် ပေါင် ၉ ဒသမ ၇ သန်း  အကြွေးများပေးရန်   ကျန်ရှိနေသည့်အတွက် အသင်းစုစုပေါင်း ကြွေးမြီပမာဏသည်  ပေါင်  ၂၃၂  သန်း အထိမြင့်တက် သွားခဲ့သည်။ ထို့ကြောင့် အသင်းပရိသတ်များသည်  လာမည့် ဇန်န၀ါရီ ဈေးကွက်၌  ကစားသမား ကောင်းများ ခေါ်ယူ အားဖြည့်နိုင်ခြင်းမရှိမည်ကို စိုးရိမ်နေရကြောင်း စပိန်အေအက်စ်   သတင်းစာကဖော်ပြခဲ့သည်။

ထို့ပြင်  ဘာစီလိုနာအသင်းသည်   ပြီးခဲ့သည့်နှစ် ဘောလုံးရာသီတွင် စပိန်လာလီဂါဖလားနှင့် စပိန် စူပါဖလားတို့ ရရှိနိုင်ခဲ့သည့်အတွက် ကစားသမား များကို အပိုဆုကြေး ပေါင် ၈၂ ဒသမ ၁ သန်းလည်းပေးရဦးမည်ဖြစ်သည်။

ထုတ်ပြန်လိုက်သော ဘဏ္ဍာရေးစာရင်းအချက်အလက်များအရ ဘာစီလိုနာ အားကစားအသင်း အားလုံးအတွက်  ပြီးခဲ့သည့် နှစ်က  ပေါင် ၄၈၂  ဒသမ ၇ သန်းသုံးစွဲခဲ့ရသည်ဟု ဆိုသည်။  ထိုအထဲမှ ပေါင် ၂၇၈ ဒသမ ၃ သန်းသည် စီနီယာ အသင်း ကစားသမားများနှင့် နည်းပြများ၏လစာအတွက် အသုံးပြုခဲ့ရခြင်းဖြစ်သည်။ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့်နှစ်က စပိန်လာလီဂါနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူး နိုင်ခဲ့သော်လည်း စပိန်ဘုရင်ဖလား ဗိုလ်လုပွဲ၌ ဗလင် စီယာ ကိုရှုံးပြီး ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်အဆင့်၌ လီဗာပူး ကို ရှုံးနိမ့်ခဲ့ရသည်။               

Ref:AS

Read 10 times Last modified on Wednesday, 09 October 2019 10:23