SJ WorldNews - шаблон joomla Авто

အသင်းစာရင်းမှ ချန်လှပ်ခံရသောဘေးလ် ရီးယဲလ်မှ ထွက်ရန်သေချာ

Wednesday, 09 October 2019 10:23 font size decrease font size decrease font size increase font size increase font size

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်အသင်းမှ ဝေးလ်တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် ကလပ်ဘရုဂ်ျနှင့် ချန်ပီယံ လိဂ်ပွဲတွင် ကွင်း အတွင်းရောက်ရှိမှု    နောက်ကျသကဲ့သို့  အသင်းစာရင်းမှလည်း ချန်လှပ်ခံရခြင်းကြောင့်  လာမည့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင်   ရီးယဲလ်မှထွက်ခွာရန် သေချာပေါက် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း စပိန်အေ အက်စ် သတင်းစာက ဖော်ပြခဲ့သည်။

အသက် ၃၀ ရှိပြီဖြစ်သော ဘေးလ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ကတည်းက နည်းပြဇီဒန်းက မိမိအနာဂတ်တွင် မပါဝင်တော့ဟု  တရားဝင်ပြောခဲ့ခြင်းကြောင့် တရုတ်စူပါလိဂ်သို့ပြောင်းရန် စီစဉ်ခဲ့ပြီးမှ   ရီးယဲလ်ဥကဋ္ဌ ပီရက် ဇ်က ပိတ်ပင်ခဲ့ သဖြင့်   အသင်း၌ ဆက်နေခဲ့ရခြင်းဖြစ်သည်။ ယခုလည်း နည်းပြဇီဒန်းက ကလပ်ဘရုဂ်ျနှင့်  ချန်ပီယံလိဂ်ပွဲတွင် ဘေးလ်ကို ကစားသမား စာရင်းမှာပင် ထည့်သွင်းခြင်းမရှိသည့်အတွက်  ၎င်းအနေဖြင့် အသင်းမှ သေချာ ပေါက်ထွက် ခွာရန် ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။

Ref:AS

Read 25 times Last modified on Wednesday, 09 October 2019 10:24