SJ WorldNews - шаблон joomla Авто

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

Saturday, 12 October 2019 18:10 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ်    သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် အဖြစ် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို အောက်တိုဘာ ၁၅ရက်၊ ၁၆ ရက်နှင့် ၁၇  ရက်တို့တွင်   ကျိုက္ခမီ ရေလယ်ဘုရားပွဲဝင်း အတွင်း ကျင်းပမည် ဖြစ်ပြီး   ဒေသခံများနှင့်    မျိုးဆက်သစ် တွဲဆိုင်းများလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဓိကတွဲဆိုင်းများအဖြစ်    ဖျံသွေး (ထူးမေတ္တာထူး/မြန်မာ)နှင့် တိုတို့ (ထိုင်း)၊ အောင်ပိုင် (နဂါးမာန်/မြန်မာ)နှင့် ဖားမီချိုင်း (ထိုင်း)၊ စောရွှေလေး (ဒို့ရိုးရာ)နှင့် ထက်အောင်ဦး (တောင်ကလေး)၊  သူရမိုး (သထုံ)နှင့်  ရာအူးဖလုံ (ထူးမေတ္တာထူး)၊ နီဂရိုး (ပင)နှင့် ရဲထက်စိုး (သထုံ)၊ ချစ်ဆူး ငယ် (သထုံ)နှင့် စောစိုးဦး (ရွှေဘားလား)တို့  ယှဉ်ပြိုင်မည်ဖြစ်ကာ   ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။                            

Read 17 times Last modified on Saturday, 12 October 2019 18:11