SJ WorldNews - шаблон joomla Авто

လာမည့် ဇန်နဝါရီလတွင် မန်စီးတီးငွေသုံးစွဲမှု စံချိန်ချိုးနိုင်ဖွယ် ရှိကြောင်း လီဗာပူး ကစားသမားဟောင်း အယ်လ်ဒရစ် သုံးသပ်

Tuesday, 15 October 2019 14:34 font size decrease font size decrease font size increase font size increase font size

မန်စီးတီးသည်  ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆု သိမ်းပိုက်ရန် ကြိုးစားနေသည့် လီဗာပူးကို တားဆီး နိုင်ရေးအတွက် လာမည့် ဇန်နဝါရီလထဲတွင် ငွေကြေးသုံးစွဲမှု စံချိန်ချိုးနိုင်ဖွယ်ရှိကြောင်း လီဗာပူးကစားသမားဟောင်း ဂျွန်အယ်လ်ဒရစ်က ခန့်မှန်းခဲ့သည်။ ခံစစ်ပိုင်းတွင် ဂျွန်စတုန်းနှင့် လာပေါ်တီတို့ကဲ့သို့ ကစားသမားများ ဒဏ်ရာရနေကာ ရမှတ်များဆုံးရှုံးခဲ့သည့် မန်စီးတီးသည် လီဗာပူးနှင့် ရှစ်မှတ်ကွာသွားပြီ ဖြစ်သည်။

ထို့ကြောင့် အယ်လ်ဒရစ်က ''ဇန်နဝါရီလထဲမှာ ငွေအများကြီးမသုံးဘူးလို့ ဂွါဒီယိုလာ ပြောထားပေမယ့် ဗဟိုနောက်ခံကစားသမား တစ်ယောက်အတွက် ယူရိုသန်း ၁ဝဝ လောက်သုံးနိုင်တယ်'' ဟု ပြောသည်။

Ref:Dailymail

Read 15 times Last modified on Tuesday, 15 October 2019 14:35