SJ WorldNews - шаблон joomla Авто

တိုကျိုအိုလံပစ်တွင် ပါဝင်ခွင့် ရလိုသည်ဟု ရာမိုစ့်ပြောကြား

Tuesday, 15 October 2019 14:35 font size decrease font size decrease font size increase font size increase font size

စပိန်နှင့်  ရီးယဲလ်မက်ဒရစ်နောက်ခံကစားသမား ရာမို့စ်က   လာမည့်   နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲဝင်  စပိန်အသင်းတွင်   ပါဝင်ခွင့်ရရှိမည်ဆိုလျှင်    ထိုအခွင့်အရေးကို ငြင်းပယ်နိုင်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောသည်။

 ရာမို့စ်သည် အသက် ၃၃ နှစ်ရှိပြီဖြစ်သော်လည်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ရွေးချယ်ခံရဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ ၄င်းသည် နော်ဝေနှင့်  တစ်ဂိုးစီသရေကျခဲ့သော ယူရို ၂ဝ၂ဝ  ခြေစစ်ပွဲတွင်  ပါဝင်ကစားခွင့်ရပြီးနောက်   လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် ၁၆၈ ပွဲဖြင့်   စံချိန်သစ်တင်နိုင်ကာ   ယခင်စံချိန်ရှင်ဟောင်း  ဂိုးသမား   ကာဆီးလက်စ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ရာမို့စ်က ''အခုချိန်မှာ ပြောဖို့စောပါသေးတယ်။ ဒါပေမဲ့  အိုလံပစ်ပြိုင်ပွဲမှာ  ပါခွင့်ရမယ်ဆိုရင် ဘယ်သူကငြင်းနိုင်မှာလဲ'' ဟု ပြောသည်။

စပိန်အသင်းအတွက် ပွဲအများဆုံး စံချိန်တင်ခဲ့သော ရာမို့စ်ကို  ရီးယဲလ်အသင်းဖော်ဟောင်း ဘက်ဟမ်းက ချီးကျူး ဂုဏ်ပြုစကားပြောဆိုခဲ့ကြောင်း သိရသည်။   

Ref:Dailymail

Read 16 times Last modified on Tuesday, 15 October 2019 14:35