SJ WorldNews - шаблон joomla Авто

အောင်လအန်ဆန်အတွက် အကောင်းဆုံး စိန်ခေါ်သူများ ဖြစ်လာနိုင်ဖွယ်ရှိသည့် ကစားသမားငါးဦး

Tuesday, 15 October 2019 14:36 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင် ONE Championship ၏   ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာကို အနိုင်ရခဲ့ပြီးနောက် ထပ်မံ၍ ONE Championship တွင် အောင်လအန်ဆန်အတွက် အကောင်းဆုံး စိန်ခေါ်သူများ ဖြစ်လာနိုင်ဖွယ်ရှိသော ကစားသမားငါးဦးကို ရွေးချယ်ဖော်ပြလိုက်ပါသည်။

Leandro Ataides

ဘရာဇီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ ငါးကြိမ် ရရှိထားသည့် ဘရာဇီးနိုင်ငံသား  Leandro Ataides သည် လက်ရှိတွင် မစ်ဒယ်ဝိတ်တန်း၌ ယှဉ်ပြိုင်နေသူဖြစ်ပြီး အောင်လအန်ဆန်နှင့်သာ ချန်ပီယံစိန်ခေါ်ပွဲ ယှဉ်ပြိုင်ဖြစ်ပါက အကောင်းဆုံးတွဲဆိုင်း ဖြစ်လာနိုင်သည်။ Ataides သည် ၂ဝဝ၈ ခုနှစ်က      ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကသို့   ဝင်ရောက်ခဲ့ပြီး နောက်ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ ထို့ကြောင့် ONE Championship က ၄င်းကို ၂ဝ၁၃ ခုနှစ်တွင်  ခေါ်ယူစာချုပ် ချုပ်ဆိုခဲ့ပြီး    ပွဲပေါင်းရှစ်ပွဲ ကစားပြီးချိန်တွင် ငါးပွဲနိုင်၊ သုံးပွဲရှုံးရလဒ် ရရှိထားသည်။ ၂ဝ၁၆    ခုနှစ်က  အီဂျစ်ကစားသမား Mohamed Ali ကို Ataides က ဒူးဖြင့် တိုက်ကာ  အလဲထိုး အနိုင်ရသည့် ပွဲသည် ယင်းနှစ်၏  တစ်နှစ်တာအကောင်းဆုံး အလဲထိုးပွဲအဖြစ် သတ်မှတ်ခံရသည်။

Mauro  Cerilli

အောင်လအန်ဆန်သည် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာနှင့်ပွဲတွင် အနိုင်ရထားသဖြင့် နောက်ထပ် ဟဲဗီးဝိတ် ကစားသမားတစ်ဦးဖြစ်သည့်    အီတလီနိုင်ငံသား Mauro Cerilli နှင့် စိန်ခေါ်ပွဲ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ Cage War-riors  ပြိုင်ပွဲ၏  ဟဲဗီးဝိတ်တန်းချန်ပီယံ Cerilli သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို  အသက်  ၃ဝ  ကျော်မှ  စတင်ဝင်ရောက်ခဲ့သူ ဖြစ်သော်လည်း ONE   Championship သို့မရောက်မီ ပွဲပေါင်း ၁၁ ပွဲကစား ခဲ့ရာတွင် ကိုးပွဲနိုင်ပြီး နှစ်ပွဲသာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ONE   Championship ပွဲဦးထွက်တွင် ဟဲဗီးဝိတ်တန်း ချန်ပီယံ   ဗီရာကို  ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးကစားသည့်ပွဲတွင်    Alain Ngalani ကို ပထမအချီအတွင်း အလဲထိုး အနိုင်ယူထားသည်။    Cerilli ၏နိုင်ပွဲ အများစုသည် ပြိုင်ဘက်ကို  ပထမအချီ အတွင်းပင် အလဲထိုး၊ ဒိုင်ပွဲရပ်၊ မြေပြင်ချုပ်ကွက်ဖြင့်      အနိုင်ရရှိခြင်းဖြစ်ရာ အောင်လအန်ဆန်နှင့် ထိပ်တိုက်တွေ့ဆုံပါက အကြိတ်အနယ် ပွဲတစ်ပွဲဖြစ်လာမည် ဖြစ်သည်။

Gilberto  Galvao

အောင်လအန်ဆန်ကို မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက်  စိန်ခေါ်နိုင်ခြေရှိသည့် ကစားသမားများထဲတွင် တောင် အမေရိက မစ်ဒယ်ဝိတ်တန်း    ချန်ပီယံဘရာဇီးနိုင်ငံသား  Gilberto  Galvao လည်း အပါအဝင်ဖြစ်သည်။ ကိုယ်ခံပညာ   သိုင်းပေါင်းစုံ   အားကစားလောကတွင် ၁၃  နှစ်ခန့် ကျင်လည်ခဲ့သည့်   Galvao သည် သုံးနှစ်အတွင်း  ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို    ပိုင်ဆိုင်ထားသည်။  Galvao  သည်  ကစားသမားဘဝ တစ်လျှောက်  ပွဲပေါင်း  ၃၇  ပွဲကစားရာတွင်  ပွဲ   ၃ဝ  အထိ  အနိုင်ရထားသော်လည်း  ၂ဝ၁၆ ခုနှစ်တွင် ONE  Championship သို့ ရောက်ရှိပြီးနောက် သုံးပွဲသာ ကစားရသေးပြီး ယခုလအတွင်း ကျင်းပမည့် ONE: Legendary Quest  ပြိုင်ပွဲတွင် စတုတ္ထမြောက်ပွဲကို  ကစားရမည်ဖြစ်သည်။ ONE  Championship  တွင်   ၄င်းရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များသည် အောင်လအန်ဆန်နှင့် ထိပ်တိုက် တွေ့ဆုံဖူးခြင်း မရှိသဖြင့်  ရလဒ်နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း နောက်ဆုံးကစား သည့်ပွဲတွင် ONE  Championship  မစ်ဒယ်ဝိတ်တန်း၌ နိုင်ပွဲအများဆုံးကစား သမား  Jake  Butler  ကို  အနိုင်ရထား သဖြင့် ကစားရခက်ခဲမည့် ကစားသမားဖြစ်သည်။

Reinier  De Ridder

ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝမရှိသေးဘဲ    ပွဲတိုင်းအနိုင်ယူထားသည့်  နယ်သာလန်နိုင်ငံသား Reinier  De Ridder သည် အသက်အရွယ်အရ ရော လက်စွမ်းအရပါ အကောင်းဆုံးအချိန်သို့ ရောက်ရှိနေသူ ဖြစ်သည်။    ဥရောပ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် အမျိုးမျိုးဆွတ်ခူးခဲ့သူ    De Ridde သည် အနိုင်ရသည့် ပွဲတိုင်းကို အလဲထိုး၊ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။  ဘရာဇီး ဂျူဂျစ်ဆုအားကစားကို ငယ်စဉ်ကတည်းက   ကစားလာသူပီပီ ပြိုင်ဘက်ရှစ်ဦးတိတိအား     မြေပြင်ချုပ် ကွက်မျိုးစုံဖြင့်    နိုင်ခဲ့သူလည်း ဖြစ်သည်။ အောင်လအန်ဆန်မှာလည်း    ပြိုင်ဘက်များကို အချုပ်အသိမ်း ကျွမ်းကျင်သူဖြစ်ရာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ်    ၄င်းတို့နှစ်ဦးသာ ထိပ်တိုက်တွေ့ဆုံပါက မြေပြင်ချုပ်ကွက်ချင်း      အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည် ဖြစ်သည်။

Zebaztian  Kadestam

ONE Championship တွင် ဝိတ်တန်း အနိမ့်မှကစားသမားက ဝိတ်တန်းအမြင့်သို့ တန်းတက်စိန်ခေါ်ယှဉ်ပြိုင်ခြင်းမှာ အဆန်း မဟုတ်တော့ပေ။   ယင်းနည်းလမ်းဖြင့် ချန်ပီယံဖြစ်သွားသူများလည်း    ရှိနေရာ အကယ်၍ ဝယ်လ်တာဝိတ်တန်း ချန်ပီယံ Zebaztian   Kadestam က  မစ်ဒယ် ဝိတ်တန်းချန်ပီယံ ခါးပတ်အတွက် အောင်လ အန်ဆန်ကို     တန်းတက်စိန်ခေါ်ပါက ကြည့်ကောင်းမည့်   တွဲဆိုင်းဖြစ်လာမည် ဖြစ်သည်။     ဆွီဒင်နိုင်ငံသား ဖြစ်သော်လည်း ထိုင်းနိုင်ငံ၌ မွေထိုင်းပညာရပ်ကို စနစ်တကျ လေ့လာဆည်းပူးခဲ့သူ Kade-stam သည် ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၁၆ ပွဲကစားခဲ့ရာတွင် ၁၂  ပွဲ နိုင်ထားပြီး   လေးပွဲသာရှုံးနိမ့်ထားသည်။ အနိုင်ရသည့်  ၁၂  ပွဲအနက် ၁ဝ ပွဲကို အလဲထိုး၊   ဒိုင်ပွဲရပ်ရလဒ်များဖြင့် အနိုင်ရခဲ့ခြင်းကလည်း Kade-stam ၏ အလဲထိုး စွမ်းရည်ကို ဖော်ပြနေသည်။ သို့သော် ဝယ်လ်တာဝိတ်တန်းတွင် ၄င်းကိုစိန်ခေါ် ယှဉ်ပြိုင်လိုသည့် ပြိုင်ဘက်အများအပြား ရှိနေသဖြင့် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင် ခွင့်ရမည့် အခွင့်အလမ်းက    နည်းပါးနိုင်မည် ဖြစ်သည်။               

 TZW

Read 29 times Last modified on Tuesday, 15 October 2019 14:37