Print this page

တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Wednesday, 16 October 2019 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၅

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီတွင်  ၀ဏသိဒ်္ဓိ အားကစား လက်ဝှေ့ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး ၄၈ ကီလိုတန်းပြိုင်ပွဲတွင် ၀င်းဝင်းထွေး (တနင်္သာရီ)က နန်းသန်းနေ(ကရင်)ကို လည်း ကောင်း၊ သင်းသင်းခိုင်(မကွေး)က ဟုန်းရှင်း(ချင်း)ကို လည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းပြိုင်ပွဲတွင် နွေဦးခိုင် (စစ်ကိုင်း)က ရိုစလင်း(ကယား)ကိုလည်းကောင်း၊ အမျိုးသား ၄၉ ကီလိုတန်းပြိုင်ပွဲတွင် အောင်သူဟိန်း (ပဲခူး)က ကျော်ဇင်ဝင်း (ဧရာဝတီ)ကိုလည်းကောင်း၊ ကျော်မင်းထွန်း (ရန်ကုန်)က ထက်မြတ်ကျော်(တနင်္သာရီ) ကိုလည်းကောင်း၊ အမျိုးသား ၅၆ ကီလို တန်းပြိုင်ပွဲတွင် ပီတာရှယ်ထန်း(ချင်း)က အောင်အောင်လွင် (ပဲခူး)ကို လည်းကောင်း၊ လမင်းကိုကို(ရန်ကုန်) က ဖြိုးရဝေအောင် (မနလေး)ကိုလည်းကောင်း၊ အမျိုးသား ၆၀  ကီလိုတန်းပြိုင် ပွဲတွင် ဆွမ်းလမ်မုန်(ချင်း) က စိုင်းနော်ကျောက်(ရှမ်း)ကိုလည်းကောင်း၊ နုတ်မာရ်(ကချင်)က စောဘွယ်ကလို(ရန်ကုန်)

ကိုလည်းကောင်း၊ အမျိုးသား ၆၉ ကီလိုတန်းပြိုင်ပွဲတွင် အောင်ရမ်(စစ်ကိုင်း)က ဇင်မင်းထွန်း (ဧရာဝတီ)ကို လည်း ကောင်း၊ ၀င်းမင်းထွန်း(ရန်ကုန်)က  ရဲလင်းအောင် (ပဲခူး)ကိုလည်းကောင်း၊ အမျိုးသား ၈၁ ကီလုတန်းပြိုင်ပွဲတွင် စိုးဦး(ရှမ်း) က အောင်မျိုး ဟိန်း(ကရင်)ကိုလည်းကောင်း၊ အောင်ပြည် ဖြိုး(ပဲခူး)က အွမ်မင်းဟာ(ချင်း)ကိုလည်း ကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲများကို အောက် တိုဘာ ၁၈ ရက်အထိ ၀ဏသိဒ်္ဓိ အားကစား လက်ဝှေ့ရုံ၌ ညနေ ၃ နာရီမှစ၍ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

Read 38 times Last modified on Wednesday, 16 October 2019 08:48