SJ WorldNews - шаблон joomla Авто

သက်ထားသူဇာ Egypt International 2019 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အီဂျစ် နိုင်ငံသို့ ထွက်ခွာ

Wednesday, 16 October 2019 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၅

မြန်မာ့ လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် Egypt International 2019 ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ယနေ့ ညနေပိုင်း တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

ကမာ့ကြက်တောင် အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ပြန်သည့် ကမာ့အဆင့် သတ်မှတ်ချက်ကို အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ရာ သက်ထား သူဇာသည် အမျိုးသမီး တစ်ဦးချင်း အဆင့် ၆၅ တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။            ကျော်လွင်

Read 23 times Last modified on Wednesday, 16 October 2019 09:14