Print this page

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာ

Wednesday, 16 October 2019 10:06 font size decrease font size decrease font size increase font size increase font size

မြန်မာ့ လက်ရွေးစင်  ဖူဆယ်အသင်း သည် ၂၀၁၉ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန်နှင့် ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ အောက် တိုဘာ ၁၅ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။

မြန်မာ့ လက်ရွေးစင်  ဖူဆယ်အသင်းသည် အောက်တိုဘာ  ၂၁ရက်မှ စတင်၍ အာဆီယံ  ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ် ပြိုင် ရမည်ဖြစ်ပြီး ပြိုင်ပွဲအကြို ခြေစမ်းပွဲများအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် Cao Bang အသင်း၊ အောက်တိုဘာ ၁၈ရက်တွင် Sai Gon အသင်း တို့နှင့်   ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ထို့နောက် အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ အတွက်  အပြီးသတ် ကစားသမား ၁၄ ဦးစာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။

၂၀၁၉  အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပ မည်ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း သည် အုပ်စု(က)တွင် လက်ရှိ  ချန်ပီယံ ထိုင်း၊ တီမော၊ ကမောဒီးယား အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု(ခ)တွင် အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ အသင်းတို့ ပါဝင်သည်။

ယင်းပြိုင်ပွဲတွင်  ပထမ၊  ဒုတိယနှင့် တတိယရသုံးသင်းသည်    အာရှဖူဆယ် ပြိုင်ပွဲသို့  ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။                    

TZW

Read 43 times Last modified on Wednesday, 16 October 2019 10:07