SJ WorldNews - шаблон joomla Авто

အင်္ဂလန် ကစား သမားများကို ပရိသတ်များ လူမျိုးခွဲခြားမှု မကြားခဲ့ဟု ဘာလာကော့ဗ်ဆို

Wednesday, 16 October 2019 10:22 font size decrease font size decrease font size increase font size increase font size

ဆိုဖီယာ၊ ဘောလုံး

ဆိုဖီယာမြို့၌ အောက်တိုဘာ ၁၅ ရက် နံနက်က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အင်္ဂလန် အသင်းကို ဧည့်ခံကစားရာတွင် ခြောက်ဂိုးပြတ် ရှုံးခဲ့ရသော ဘူလ်ဂေးရီးယား လက်ရွေးစင် အသင်းသည် ထိုပွဲတွင် အင်္ဂလန်အသင်းမှ လူမည်း ကစား သမား များဖြစ်သော စတာလင်းနှင့် တိုင်ရိုနီမင်းတို့ကို ဘူလ်ဂေးရီးယား ပရိသတ်များက မျောက်သံပေးကာ လူမျိုးခွဲခြား စော်ကား ခြင်း၊ နာဇီအလေးပြု ဟန်များ ပြုလုပ်ကြခြင်း တို့ကြောင့် ကွင်းလယ်ဒိုင်က ပွဲကို နှစ်ကြိမ်တိုင် ရပ်နား ခဲ့ရသည်။

ရုပ်သံမှ   ကမ္ဘာ တစ်ဝန်းပြသမှုတွင်ပင်  ထိုအသံများ ကျယ်လောင်စွာ ကြားရသော်လည်း ဘူလ်ဂေးရီးယား နည်းပြ ဘာ လာ ကော့ဗ်က  မိမိတစ်ဦးတည်းအမြင်အရ ထိုလူမျိုးခွဲခြားသံများကို မကြားခဲ့ကြောင်းနှင့် အင်္ဂလန်ပရိသတ် များကသာ လက်မခံနိုင်ဖွယ်ရာ ဖြစ်သော လုပ်ရပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံတော်သီချင်းအား  လှောင်ပြောင်သီ ဆိုကြသည် ကိုသာ ကြားရကြောင်း တုံ့ပြန်ပြောသည်။

Ref:BBC

Read 24 times Last modified on Wednesday, 16 October 2019 10:23