SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ်၌ လစာအများဆုံး ပေးရသည့်အသင်း မန်ယူ အသင်းဖြစ်နေ

Wednesday, 16 October 2019 10:23 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် ယခုရာသီတွင် နှစ်ပေါင်း  ၃၀ အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်ဖြင့် ရင်ဆိုင်နေရသော်လည်း လက်ရှိ ပရီးမီးယားလိဂ် အသင်းများထဲတွင်  ကစားသမားလစာအများဆုံး ပေးထားရသော အသင်းအဖြစ် ရပ်တည် နေကြောင်း  သိရသည်။ 

ဘလော့ဂါ တစ်ဦးဖြစ်သော Swiss Ramble ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် ၂၀၁၈-၂၀၁၉ရာသီတွင် ပရီးမီးယား လိဂ် အသင်းများအနက်  လစာအများဆုံးပေးထားရသည့်အသင်းဖြစ်ကာ ပရီးမီးယားလိဂ် သမိုင်းတွင် တစ်နှစ်အတွင်း စံချိန် တင်လစာငွေ ပေါင် ၃၃၂ သန်း ပေးခဲ့ရသည်ဟု သိရသည်။

မန်ယူအသင်း၏   တစ်နှစ်တာ လစာပေးချေမှု နှုန်းသည် နောက်ဆုံးသုံးနှစ်အတွင်း ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အသင်းတွင် ဒီဂီယာ ကို တစ်ပတ်ပေါင် ၃၇၅၀၀၀ ပေးနေရခြင်းနှင့် ပေါ့ဂ်ဘာကို တစ်ပတ် ပေါင် ၂၉၀၀၀၀ ပေးနေရ ခြင်းကြောင့် လစာနှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ မန်ယူအသင်းပေးနေရသော လစာနှုန်းထားသည် ပြီးခဲ့သည့် သုံးနှစ် အတွင်း  ၄၃ ရာခိုင်နှုန်း မြင့်တက်မှုသည် ငွေအားဖြင့်တွက်လျှင် ပေါင် သန်း ၁၀၀ အထိ လစာနှုန်း မြင့်တက် လာခြင်း ဖြစ်သည်။ မန်ယူအသင်းသည်  ပြီးခဲ့သည့်နှစ်ပိုင်းများတွင်   စွမ်းဆောင်ရည်နှင့် ရပ်တည်မှုအဆင့်များ   ဆိုးရွား ခဲ့သော်လည်း   အသင်းမှ   ထိပ်တန်းကစားသမားများအတွက် များပြားလှသော  လစာနှုန်းထားများပေးခဲ့ရာ  ဒီဂီယာနှင့် ပေါ့ဂ်ဘာ တို့ကို  လစာတိုးမြှင့်ပေးခဲ့ ရခြင်းအပြင် ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်နှင့် မက်ဂွိုင်းယားတို့ကဲ့ သို့သော ကစား သမား သစ်များ အတွက် လစာများလည်း ထပ်တိုးလာရခြင်းဖြစ်သည်။

အဆိုပါ ပေါင် ၃၃၂ သန်းသော လစာနှုန်းထားထဲတွင် ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ် အတွက် ပေးရသော  လစာလည်း ပါဝင်သည်။  မန်ယူ အသင်းသည် မကြာမီ တစ်နှစ်တာ ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ရတော့မည်ဖြစ်ရာ  အသင်း အသုံးစရိတ်သည် များစွာ မြင့်တက်လာရန်  သေချာနေသော်လည်း စွမ်းဆောင်ရည် ကျဆင်းနေကာ ပရီးမီး ယားလိဂ်တွင် တန်းဆင်းဇုန် အထက်  နှစ်မှတ်အသာ အဆင့်(၁၂)သို့ ရောက်ရှိနေသည်။               

Ref:BBC

............

Read 29 times Last modified on Wednesday, 16 October 2019 10:25