SJ WorldNews - шаблон joomla Авто

ကာတာလေ့ကျင့်ရေး ခရီးစဉ်တွင် မြန်မာယူ -၂၂ အသင်းနှင့် ခြေစမ်းမည့် အသင်းများ ထုတ်ပြန်

Thursday, 17 October 2019 09:06 font size decrease font size decrease font size increase font size increase font size

ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့၌  သွားရောက်ခြေစမ်းမည့်  မြန်မာ့လက် ရွေးစင် ယူ-၂၂ အသင်းသည် ယင်းခြေစမ်းခရီးစဉ် အတွက် အသင်းများကို ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ခြေစမ်းပွဲများအဖြစ် အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန်  ည ၁ဝ နာရီတွင်  နီပေါ ယူ-၂၂ အသင်း၊ အောက်တိုဘာ ၂၈ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ကာတာကလပ် အယ်လ်အိုဝေနာ အသင်း၊  အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် ည ၁ဝ နာရီတွင် ကာဂျစ္စတန် ယူ-၁၉ အသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ  နိုဝင်ဘာ ၁ ရက်အထိ ကာတာနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   ကာတာနိုင်ငံမှ ပြန်လာပြီးနောက် ဆီးဂိမ်းပြိုင်ပွဲသို့ မသွားမီ နိုဝင်ဘာလအတွင်း တခြားအုပ်စုမှ အာဆီယံ ပြိုင်ဘက်များနှင့် ခြေစမ်းရန် စီစဉ်လျက်ရှိရာ နိုဝင် ဘာ ၁၇ ရက်တွင် ဗီယက်နမ်ယူ-၂၂ အသင်းနှင့် ဗီယက်နမ်နိုင်ငံ   ဟိုချီမင်းမြို့ရှိ   မြက်ခင်းတုကွင်း၌ ခြေစမ်းရန် နှစ်နိုင်ငံ အဖွဲ့ချုပ်နှစ်ခုကြား သဘောတူညီမှု ရထားပြီးဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည်    ယခုနှစ်အတွင်း တတိယမြောက်    နိုင်ငံတကာ ပြိုင်ပွဲအဖြစ်  ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင်  ကျင်းပသည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့်  မတ်လတွင်  ကျင်းပ သည့်  အာရှ  ယူ-၂၃ ခြေစစ်ပွဲတို့တွင်     ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိခဲ့ပေ။

Read 28 times Last modified on Thursday, 17 October 2019 09:07