SJ WorldNews - шаблон joomla Авто

ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာယူ - ၂၂ အသင်းမှ ကစားသမား ငါးဦး လျှော့ချ

Thursday, 17 October 2019 09:08 font size decrease font size decrease font size increase font size increase font size

ဆီးဂိမ်းပြိုင်ပွဲအတွက်  လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းသည်  ပြီးခဲ့သည့်ရက်ပိုင်းက ကစားသမားငါးဦး လျှော့ချခဲ့ကြောင်း    လက်ထောက် နည်းပြ ဦးချစ်နိုင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အတွက် ကစားသမား ၃၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့သော်လည်း  ဒဏ်ရာရနေသည့်  ဂိုးသမား ဘုန်းသစ္စာမင်း အပါအဝင် ကစားသမားငါးဦး လျှော့ချခဲ့သောကြောင့် ၃၄ ဦးသာ ကျန်ရှိတော့သည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသမားငါးဦး လျှော့ချခဲ့ပါတယ်။ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု အနေအထားတွေကြောင့်ပါ။အသက်ကျော် ကစားသမားတွေ လာရောက် မပူးပေါင်းသေးတာကြောင့် ၂၉ ဦးနဲ့ လေ့ကျင့်နေပါတယ်။  ကာတာခရီးစဉ်အတွက်  ကစားသမား ထပ်လျှော့မှာပါ'' ဟု ဦးချစ်နိုင် ကပြောသည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်   ပိုပေါ့သည် ဘုန်းသစ္စာမင်း အပါအဝင် စအောင်ပြည့်ကို၊ မျိုးမင်းဖြိုး၊ ဟိန်းဖြိုးဝင်းနှင့် ထူးခန့်လွင်တို့ကို လျှော့ချခဲ့ခြင်း ဖြစ်သည်။

Read 25 times Last modified on Thursday, 17 October 2019 09:09