SJ WorldNews - шаблон joomla Авто

ဆီးဂိမ်းအတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ရန် လိုအပ်ဟု ပိုပေါ့ပြော

Thursday, 17 October 2019 09:09 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ် (၃ဝ) မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)မှ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာပြီးနောက်   မြန်မာယူ-၂၂ အသင်းနည်းပြချုပ်   ပိုပေါ့က   အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။

အုပ်စုခွဲဝေမှုနှင့်ပတ်သက်၍ ပိုပေါ့က ''အုပ်စု ခွဲဝေမှုက အရေးကြီးဆုံး မဟုတ်ပါဘူး။  အရေးကြီးဆုံးက ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘဲ အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာပါ။ ဘယ်အသင်း နဲ့တွေ့တွေ့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် အုပ်စုခွဲဝေမှု ဆိုတာက အခုမှ စမှတ်သာ ရှိသေးတယ်လို့ ပြောချင်တာပါ။ ပြိုင်ဘက်တိုင်းကို လေးစားတယ် ဆိုပေမယ့်လည်း ဘယ်သူ့ကိုမှတော့  ကြောက်နေမှာ မဟုတ်ဘဲ အုပ်စုကနေ  နောက်တစ်ဆင့်တက်နိုင်ဖို့  အကောင်းဆုံး ကြိုးစားသွားမှာပါ။  ဒါပေမဲ့  တစ်ဆင့်ချင်း သွားရမှာဖြစ်တဲ့အတွက် အုပ်စုအဖွင့်ပွဲ ဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ အနိုင်ရဖို့ ပစ်မှတ်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားမယ်'' ဟုပြောသည်။

Read 24 times Last modified on Thursday, 17 October 2019 09:10