SJ WorldNews - шаблон joomla Авто

ဆီးဂိမ်းအတွက် မြန်မာအမျိုးသမီး အသင်းအုပ်စုကို နည်းပြချုပ် ဦးဝင်းသူမိုး ကျေနပ်

Thursday, 17 October 2019 09:12 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ဘောလုံးပွဲအတွက် အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ Pasay City ၌  ကျင်းပရာ  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု (က)တွင် အိမ်ရှင်  ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အုပ်စု(ခ)တွင် ထိပ်သီးအသင်းများ ဖြစ်သော ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အုပ်စုခွဲဝေမှုနှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ''အုပ်စုအနေအထားက ကျေနပ်စရာပါ။ ဖိလစ်ပိုင်နဲ့ အရင်ကစားရမယ်။ အဲဒီပွဲက အုပ်စုဗိုလ်/ ဒုတိယလုရမှာပါပဲ။ မလေးရှားနဲ့ ကစားပြီး ဆီမီးဖိုင်နယ် မကစားခင် ငါးရက်ပြင်ဆင်ချိန်ရတာ တော်တော်ကောင်းပါတယ်။  ဗိုလ်လုပွဲတက်ဖို့ ကြိုးစားသွားပါမယ်'' ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် စက်တင်ဘာ ၁၆ ရက်မှစတင်ပြီး စခန်းသွင်းလေ့ကျင့် လျက်ရှိကာ ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ  နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့  သွားရောက်၍ လေ့ကျင့်ခြေစမ်းရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

Read 23 times Last modified on Thursday, 17 October 2019 09:13