SJ WorldNews - шаблон joomla Авто

မက်ဆီထက် အင်စတာဂရမ် ၀င်ငွေ နှစ်ဆပိုရတဲ့ စီရော်နယ်ဒို

Thursday, 17 October 2019 10:11 font size decrease font size decrease font size increase font size increase font size

ဂျူဗင်တပ်စ်နှင့် ပေါ်တူဂီတိုက်စစ်မှူး  စီရော်နယ်ဒိုသည် အင်စတာဂရမ် လူမှုကွန်ရက်တစ်ခုတည်းမှ  တစ်နှစ်တာ အတွင်း ရရှိသော ၀င်ငွေမှာ ဘာစီလိုနာနှင့်  အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီထက် နှစ်ဆပိုများကြောင်း သိရသည်။  ပြီးခဲ့သည့်နှစ်  တစ်နှစ်တည်းမှာပင် စီရော်နယ်ဒိုသည် အင်စတာဂရမ် လူမှုကွန်ရက်မှ  ၀င်ငွေ ပေါင် ၃၈ ဒသမ ၂ သန်း ရရှိခဲ့ပြီး မက်ဆီက  ပေါင် ၁၈ သန်း သာရရှိကာ အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းက  အင်စတာ ဂရမ်ဝင်ငွေ ပေါင် ၈ ဒသမ ၆ သန်းရရှိခဲ့သည်။

Buzz Bingo သတင်းမှ ဖော်ပြသော စစ်တမ်း တွင် လွန်ခဲ့သည့် ၁၂ လအတွင်း အင်စတာဂရမ်တစ် ခုတည်းမှ စီရော်နယ်ဒို ရရှိသောဝင်ငွေမှာ ပေါင် ၃၈ သန်းကျော်ရှိခဲ့ပြီး  ၎င်းင်းအား  အင်စတာဂရမ်တွင် စပွန်ဆာပေးထားမှု ၃၄ ခုအထိ ရှိကာ  စပွန်ဆာ တစ်ခုချင်းစီမှ ပေါင် ၇၈၀၀၀၀ ရရှိခဲ့သည်ဟု သိရသည်။ အင်စတာဂရမ်တွင် ပို့စ်တစ်ခုအတွက် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင် ၅၁၈၀၀၀ ရရှိပြီး ဒေးဗစ်ဘက်ခမ်းက ပေါင် ၂၈၆၀၀၀ ရရှိသည်။ အမေ ရိကန်သူ စူပါမော်ဒယ်လ် ကန်ဒဲလ်ဂျန်နာသည် စီရော် နယ်ဒိုနှင့်မက်ဆီပြီးနောက် အင်စတာဂရမ်မှ တစ်နှစ် တာဝင်ငွေ အများဆုံး ရရှိသူအဖြစ် ရပ်တည်နေပြီး ဘက်ခမ်းက စတုတနေရာ၌ ရပ်တည်ခဲ့သည်။

တခြားသော  အင်စတာဂရမ်တစ်နှစ်တာဝင်ငွေ အများဆုံးရသည့်    ဘောလုံးကစားသမားများတွင် ပီအက်စ်ဂျီနှင့် ဘရာဇီး တိုက်စစ်မှူး နေမာက ပေါင် ၅ ဒသမ ၈ သန်းရရှိကာ ပို့စ်တစ်ခုအတွက် ပေါင် ၅၇၈၀၀၀၊ အယ်လ်အေဂ လက်ဆီတိုက်စစ်မှူး မိုဗစ်ခ်ျက   တစ်နှစ်အင်စတာဂရမ်ဝင်ငွေ ပေါင် ၃ ဒသမ ၂သန်းရရှိကာ ပို့စ်တစ်ခုအတွက် ပေါင် ၁၆၀၀၀၀ ရရှိခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် လက်ရှိအချိန်ထိ  ဘောလုံးလောကတွင်    ကမ်္ဘာ့အကောင်းဆုံးကစား သမားများအဖြစ် ယှဉ်ပြိုင် နေကြပြီး နှစ်ဦးစလုံးမှာ  ရွှေဘောလုံးဆု ငါးဆုစီ ရရှိထားကြသည်။

Ref:Buzz Bingo

....

 

Read 26 times Last modified on Thursday, 17 October 2019 10:16