SJ WorldNews - шаблон joomla Авто

ဘယ်လော့တီ နှစ်ဂိုးသွင်းပြီး လက်ချင်းစတိန်းကို ငါးဂိုးပြတ် အနိုင်ရသော အီတလီခြေ စစ်ပွဲ ရှစ်ပွဲ စလုံးနိုင်

Thursday, 17 October 2019 11:35 font size decrease font size decrease font size increase font size increase font size

ဗာဒက်ဇ်၊ ဘောလုံး

ယူရို ၂၀၂၀ ခြေစစ်ပွဲ၌ အုပ်စု (ည)တွင်ပွဲတိုင်း အနိုင်ရထားခြင်းကြောင့် ပြီးခဲ့သည့်ပွဲစဉ်ပြီးကတည်း က ခြေစစ်ပွဲ အောင်ထားသည့် အီတလီအသင်းသည် အောက်တိုဘာ ၁၅ ရက်က လက်ချင်းစတိန်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ငါးဂိုးပြတ် အနိုင်ရခဲ့သဖြင့် အုပ်စုတွင်  ရှစ်ပွဲစလုံးအနိုင်ရသကဲ့သို့  နောက်ဆုံးကစားသည့် ကိုးပွဲဆက်တိုက် အနိုင် စံချိန် တင်ရှိနိုင်ခဲ့သည်။

လက်ချင်းစတိန်းနှင့်ပွဲတွင်    အီတလီအတွက် ဘာနာဒက်ချီက ပွဲစပြီးနှစ်မိနစ်မှာပင် အဖွင့်ဂိုးသွင်း ပြီး  ဘယ်လော့တီက  ဒုတိယဂိုး၊  ရိုမက်ဂ်နို လီက တတိယဂိုး၊ အယ်လ်ရှာရာဝီနှင့် ဘယ်လော့တီတို့က တစ်ဂိုးစီထပ်သွင်းသည့်အတွက်   အီတလီ အသင်း ဂိုးပြတ်နိုင်ပွဲ ရခဲ့သည်။ လက်ချင်းစတိန်းအသင်းသည်ဖီဖာအဆင့်တွင် ၁၈၂ သာရှိခြင်းကြောင့် နှစ်သင်း ကြား ခြေစွမ်းကွာဟချက်များပြီး  ဂိုးပြတ်ရှုံးရခြင်း ဖြစ်သည်။  အီတလီအသင်းသည် အုပ်စုတွင်း ရှစ်ပွဲ စလုံးအနိုင်ရ ထားကာ  နောက်ထပ် အုပ်စုလက်ကျန် နှစ်ပွဲစလုံးအနိုင်ရလျှင် ခြေစစ်ပွဲစဉ်အားလုံး အနိုင်ရသည့် စံချိန်ကောင်းကို ရရှိ နိုင်မည်ဖြစ်သည်။

Ref:Dailymail

Read 28 times Last modified on Thursday, 17 October 2019 11:36