SJ WorldNews - шаблон joomla Авто

ဆွီဒင်နှင့်ပွဲတွင် စပိန်ဂိုးသမားဒီဂီယာ ဒဏ်ရာရခဲ့၍ မန်ယူ စိုးရိမ်နေရ

Thursday, 17 October 2019 11:37 font size decrease font size decrease font size increase font size increase font size

မယ်လ်မို၊ ဘောလုံး

အောက်တိုဘာ ၁၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲ၌ စပိန်အသင်းမှ ဂိုးသမား ဒီဂီယာသည်  ပွဲကစားချိန် မိနစ် ၆၀တွင် ပေါင်ခြံကြွက်သား ဒဏ်ရာရသွား သည့်အတွက် ဆက်လက် ကစားနိုင်ခြင်း မရှိတော့ဘဲ ချယ်လ်ဆီး  ဂိုးသမား ကီပါနှင့်လူစားလဲခဲ့ရကာ အောက်တိုဘာ ၂၀ ရက်တွင် လီဗာပူးအသင်းနှင့် ကစားရမည့်ပွဲ၌ မန်ယူအတွက် ပါဝင်ကစားနိုင်ရန် မရေရာတော့ကြောင်း သိရသည်။

ဆွီဒင်နှင့် တစ်ဂိုးစီသရေကျပြီးနောက် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်သွားခဲ့ပြီဖြစ်သော   စပိန်အသင်းနည်းပြ   မိုရီနိုက ““ပထမပိုင်းပြီး ကတည်းက ပေါင်ခြံကြွက်သား ဒဏ်ရာရသွားလို့ ကုသနေရပြီး ဒီဂီယာကိုယ်တိုင်က  ဆက်ကစားမယ် ပြောလို့ ဆက်သုံး ခဲ့ပေမယ့် နောက်ပိုင်း လုံးဝမကစားနိုင်တော့ဘူး”” ဟုပြောသည်။

မန်ယူအသင်းသည် လက်ရှိတွင် ရလဒ်များဆိုးရွားနေပြီး ဒဏ်ရာရ ကစားသမားများပြားနေကာ ကွင်းလယ် ကစားသမား

ပေါ့ဂ်ဘာ ကလည်း လီဗာပူးနှင့်ပွဲ ပါဝင်နိုင်ဦးမည် မဟုတ်ဘဲ မာရှယ်သည်လည်း ဒဏ်ရာအရှင်း ပျောက်ကင်းခြင်း မရှိသေး၍ ဒီဂီယာဒဏ်ရာ ထပ်ရသွားခြင်းမှာ နည်းပြဆိုးလ်ရှား အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့သည်။                    

Ref:Dailymail

Read 30 times Last modified on Thursday, 17 October 2019 11:37