SJ WorldNews - шаблон joomla Авто

ပြုံယမ်း၌ မြောက်နှင့်တောင်ကိုရီးယားတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကျင်းပခဲ့

Thursday, 17 October 2019 11:38 font size decrease font size decrease font size increase font size increase font size

ပြုံယမ်း၊ ဘောလုံး

အောက်တိုဘာ  ၁၅ ရက်က  မြောက်ကိုရီး ယားနိုင်ငံ ပြုံယမ်းမြို့ရှိ ကင်အီဆန်းအားကစား ကွင်းကြီး၌  ယှဉ်ပြိုင်ခဲ့သော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား တို့၏ ဂိုးမရှိ သရေကျခဲ့သော ကမ်္ဘာ့ဖလားခြေစစ်ပွဲသည် ကမာပေါ်တွင် အလျှို့  ၀ှက်ဆုံး  ဘောလုံးပွဲဖြစ်ခဲ့သည်ဟု  ကမာ့မီဒီယာ များက ဖော်ပြခဲ့ကြသည်။

ထိုပွဲတွင်  အိမ်ရှင်မြောက်ကိုရီးယားနိုင်ငံမှ ခေါင်းဆောင် ကင်ဂျုံအွန်သည် ကွင်းအတွင်း အိမ်ရှင်ပရိသတ်ရော၊ တောင်ကို ရီးယား ပရိသတ် ကိုပါ ကြည့်ရှုခွင့်မပေးခဲ့သကဲ့သို့ မည်သည့်မီဒီယာသမားကိုမှလည်း   လိုက်ပါကြည့်ရှုခွင့် မပေးဘဲ တောင်ကိုရီးယား အနေဖြင့်  ပွဲစဉ်ကစားနေစဉ်  တွစ်တာ၌  သတင်းစာသားရေးတင်ရန်   နှစ်ဦးကိုသာ အင်တာနက် သုံးပြီး တင်ခွင့်ပေးခဲ့ကြောင်း  သိရသည်။ ပွဲကစားနေစဉ်အတွင်း  မည်သည့် ရုပ်သံနှင့် အွန်လိုင်းကမှ တိုက်ရိုက် တင်ဆက်ခြင်း ခွင့်မပြုခဲ့ဘဲ ပွဲကစားပြီး နောက်ပိုင်းမှသာ ရုပ်သံမှ ပြန်လည်ပြသခိုင်းခဲ့သောကြောင့် ကမာတွင်  အလျှို့ဝှက်ဆုံး ဘောလုံးပွဲဖြစ်သည်ဟု    ကမ္ဘာ့ မီဒီယာများက  ဖော်ပြခဲ့ခြင်းဖြစ်သည်။  မြောက်ကိုရီးယား တာဝန်ရှိ သူများသည် ထိုပွဲစဉ်ကို ရုပ်သံရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်အား တောင် ကိုရီးယားအသင်း အိမ်အပြန်တွင် ထည့်ပေး ရန် သဘောတူခဲ့သည်ဟု သိရသည်။   အဆိုပါပွဲစဉ် သည်   ပြုံယမ်း၌  နှစ်သင်းပထမဆုံးအကြိမ် ပြိုင်ပွဲအသွင် ကစား သည့် ပွဲဖြစ်ကာ အဆိုပါ နှစ်သင်းသည် ၁၉၉၀ ပြည့်နှစ်က ခြေစမ်းပွဲအဖြစ် ပြုံယမ်း၌ တစ်ပွဲကစားခဲ့ဖူးသည်။

Ref:Dailymail

Read 25 times Last modified on Thursday, 17 October 2019 11:39