SJ WorldNews - шаблон joomla Авто

ပရိသတ်များ လူမျိုးခွဲခြား စော်ကားမှုကြောင့် ဘူလ်ဂေးရီးယားကို ယူအီး အက်ဖ်အေ အရေးယူ

Thursday, 17 October 2019 11:40 font size decrease font size decrease font size increase font size increase font size

ဆိုဖီယာ၊ ဘောလုံး

အောက်တိုဘာ  ၁၄ ရက်က အင်္ဂလန် အသင်းကို    ခြောက်ဂိုးပြတ်ရှုံးသည့်   ယူရို ၂၀၂၀ အိမ်ကွင်းခြေစစ်ပွဲတွင်   ဘူလ်ဂေး ရီးယားပရိသတ်များသည် အင်္ဂလန်အသင်းမှ လူမည်းကစားသမားများကို လူမျိုးရေးခွဲခြား စော်ကားခဲ့ကြပြီး နာဇီ အလေးပြုပုံများ ပြုလုပ် ခဲ့သဖြင့်  ယူအီးအက်ဖ်အေသည်  ဘူလ်ဂေးရီးယားအား အရေးယူမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသည်။

ဘူလ်ဂေးရီးယားပရိသတ်များ   လုပ်ရပ်ကြောင့် ထိုပွဲသည် နှစ်ကြိမ်တိုင်ရပ်နားခဲ့ရပြီး ကွင်းအတွင်း အရာဝ္ထုများနှင့် ပစ်ပေါက်မှု များလည်းရှိခဲ့သည့်အတွက် ဘူလ်ဂေးရီးယား ကို  စုံစမ်းအရေးယူမည်ဖြစ်ကာ  အင်္ဂလန် ပရိသတ်များက လည်း ဘူလ်ဂေးရီးယား အသင်း၏ နိုင်ငံတော် သီချင်းသီဆိုမှုကို လှောင်ပြောင်မှုများပြုလုပ်ခဲ့၍ အင်္ဂလန်အသင်းကို လည်း အရေး ယူမည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်  စက်တင်ဘာလကလည်း  ဘူလ်ဂေးရီးယား ပရိသတ်များသည် အင်္ဂလန် အသင်းမှ အက်ရှ် လေကိုးလ်၊ အက်ရှ်လေယန်းနှင့် ၀ဲလ်ကော့တို့ကို လူမျိုးခွဲခြား လှောင်ပြောင်ခဲ့၍ ယူအီး အက်ဖ်အေမှ ဒဏ်ငွေ ပေါင် ၄၃၂၅၀ ဒဏ် ရိုက်ခြင်းခံခဲ့ရသေးသည်။ ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥကဋ္ဌကိုလည်း ဘူလ်ဂေး ရီးယား သမတက ရာထူးမှ နုတ်ထွက်ခိုင်းခဲ့ပြီး အဖွဲ့ချုပ် ရုံးခန်းကိုလည်း ရဲတပ်ဖွဲ့ဝင်များဖြင့်  ၀င်ရောက် စီးနင်းခဲ့သည်။       

Ref:BBC

Read 19 times Last modified on Thursday, 17 October 2019 11:40