SJ WorldNews - шаблон joomla Авто

လာမည့် အပြောင်းအရွှေ့ ဈေးကွက်တွင် အဓိက ကစားသမား ခြောက်ဦး မန်ယူခေါ်ယူမည် ဒဏ်ရာကြောင့် ဒီဂီယာ နှင့် ပေါ့ဂ်ဘာတို့ လီဗာပူးနှင့် ပွဲ လွဲချော်ဖွယ်ရှိ

Friday, 18 October 2019 10:00 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် ထိပ်တန်း အသင်းအဖြစ် ပြန်လည် တည်ဆောက်လျက်ရှိရာ လာမည့် အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုတွင် အဓိက ကစားသမား ခြောက်ဦးအထိ   ခေါ်ယူရန်စီစဉ် ထားကြောင်း သိရသည်။

လက်ရှိတွင် မန်ယူအသင်းသည် နှစ်ပေါင်း ၃၀အတွင်း ရာသီအစ အဆိုးရွား ဆုံးရလဒ်အဖြစ် တန်းဆင်းဇုန်အထက်  နှစ်မှတ်အသာ  အဆင့် (၁၂) နေရာ၌ ရပ်တည်နေသောကြောင့် ချန်ပီယံဆုကို  စိန်ခေါ်နိုင်သည့် အဆင့်တွင်  မရှိသဖြင့် လာမည့် အပြောင်းအရွှေ့ ဈေးကွက်နှစ်ခုတွင် ကစားသမား ခြောက်ဦးအထိ ခေါ်ယူမည်ဖြစ်ကာ အဓိက အားဖြင့်   တိုက်စစ်မှူးနှစ်ဦးနှင့်  ကွင်းလယ် ကစားသမားနှစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း  ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။ မန်ယူအသင်းသည် ၂၀၁၃  ခုနှစ်က ဂန၀င်နည်းပြ ဖာဂူဆန် အနားယူ သွားပြီးနောက်ပိုင်း ကစားသမား သစ်များ ခေါ်ယူမှုအတွက် ပေါင် တစ်ဘီလီယံကျော် သုံးစွဲထားပြီး ဖြစ်သော်လည်း အသင်း အောင်မြင်နိုင်သော  အနေ အထားမျိုးမရှိသေးသည့် ကစားသမားအင်အားကြောင့် ထိပ်တန်း ကစားသမားခြောက်ဦးအထိ ထပ်မံခေါ်ယူမှုတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်နှင့် လိုင်ယွန် အသင်းမှ  မူဆာဒမ်ဘီလီတို့ကို ပစ်မှတ်ထားနေသည်။ အက်သလက် တီကို ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ်နှင့် လက်စတာအသင်းမှ အင်္ဂလန် ကွင်းလယ်ကစားသမား  ဂျိမ်းစ်မက် ဒီဆင်တို့ကို လည်း လာမည့်ဇန်န၀ါရီဈေးကွက်တွင်  ခေါ်ယူလိုကြောင်း သိရသည်။

လက်ရှိ မန်ယူအသင်း တိုက်စစ်တွင် ရက်ရှ်ဖို့ဒ် နှင့် မာရှယ်တို့နှစ်ဦးကိုသာ အဓိကအားထားနေ ရပြီး ခံစစ်တွင် ဖီးလ် ဂျုံးစ်သည် ယခုရာသီ ပရီးမီး ယားလိဂ်ပွဲတစ်ပွဲမှ မကစားရသေးဘဲ ဘိုင်လေ သည်လည်း ဧပြီလနောက်ပိုင်း အသင်း အတွက် ကစားပေးနိုင်ခြင်းမရှိသည့်အတွက်   နည်းပြ ဆိုးလ်ရှားသည် မက်ဂွိုင်ယာနှင့်လင်ဒီလော့ဖ်တို့ နှစ်ဦးကိုသာ အားထားနေရသည့်  ဗဟိုခံစစ်နေရာ တွင်  နောက်ထပ်တစ်ဦး အားဖြည့်ရန် လိုအပ်နေသည်။

မန်ယူအသင်းသည် အောက်တိုဘာ ၂၀ရက်တွင် လီဗာပူးနှင့် ကစားရမည်ဖြစ်ရာ အသင်း၌ ဒဏ်ရာရနေကြသော   ကစား သမားများထဲမှ မာရှယ်ပြန်ကစားနိုင်ဖွယ် ရှိသော်လည်း ပေါ့ဂ်ဘာနှင့် ဂိုးသမားဒီဂီယာ လွဲချော်ဖွယ် ရှိကြောင်း သိရ သည်။    

Ref:Dailymail

.............

 

Read 47 times Last modified on Friday, 18 October 2019 10:01