SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီတိုင်းဒေသကြီး အသင်းရရှိ

Saturday, 19 October 2019 10:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၈

၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့မွန်းလွဲ ၂  နာရီတွင်  ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် အမျိုးသမီး ၆ဝ ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(တနင်္သာရီ)က နှင်းဝေလွင်(ဧရာဝတီ)ကိုလည်းကောင်း၊ အမျိုးသား ၅၂ ကီလိုတန်းပြိုင်ပွဲတွင် ဇော်ဇော်အောင်(တနင်္သာရီ)က သူရ(ရန်ကုန်)ကိုလည်းကောင်း၊ အမျိုးသား ၆၄ ကီလိုတန်းပြိုင်ပွဲတွင်  စောဇော်သန်း (ကရင်)က   နေလင်းနိုင်(ပဲခူး)ကို လည်းကောင်း၊အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ကျော်ခိုင်ထွန်း(မွန်)က ရဲဝင်းနိုင်(တနင်္သာရီ)ကိုလည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအလိုက်ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခုဖြင့် အမျိုးသားတံခွန်စိုက် ဒိုင်းဆု ရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ရွှေလေးခု၊  ငွေတစ်ခု၊  ကြေးတစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ရရှိသွားသော တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ရွှေငါးခု၊ ငွေသုံးခု၊ ကြေးနှစ်ခုဖြင့်   စုပေါင်းတံခွန်စိုက်ဒိုင်းဆု ရရှိသွားသော တနင်္သာရီတိုင်းဒေသကြီး အသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါက်တာမြလေးစိန်က  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။             ဇော်မျိုး(နေပြည်တော်)

Read 11 times Last modified on Saturday, 19 October 2019 10:09