SJ WorldNews - шаблон joomla Авто

သက်ထားသူဇာ အိမ်ရှင်အီဂျစ် ကစားသမားကို နှစ်ပွဲပြတ် အနိုင်ရရှိ

Saturday, 19 October 2019 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၈

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်  International  Series ပြိုင်ပွဲဖြစ်သော Egypt  International  2019 ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင်စတင်ကျင်းပရာ သက်ထားသူဇာသည် ပထမအဆင့်၌ အိမ်ရှင်အီဂျစ်ကစားသမားဂျာနာကို ၂၁-၄ မှတ်၊ ၂၁-၇ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိပြီး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် လက်ရှိချန်ပီယံ ဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်မှ စတင်ကစားရမည် ဖြစ်ကာ လက်ရည်စစ်ပွဲ အောင်မြင်သည့် ကစားသမားနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။  ဒုတိယအဆင့်တွင် အိန္ဒိယကြက်တောင်ကစားသမား ရီတီကာတာကာနှင့်တွေ့ဆုံမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ယနေ့မြန်မာစံတော်ချိန် ည ၁ဝ နာရီနောက်ပိုင်းတွင် ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည်  ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ၂ဝ၁၈ ခုနှစ်က ကျင်းပသည့်ပြိုင်ပွဲ၌     ဗိုလ်စွဲထားကာ   International  Series ပြိုင်ပွဲတွင် ပထမဆုံး ဗိုလ်စွဲခဲ့သည့်  ပြိုင်ပွဲလည်းဖြစ်သည်။ လက်ရည်စစ်ပွဲများကို ယမန်နေ့က စတင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၌ ကစားသမား ၅၇ ဦးဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် အာဖရိကနှင့် အာရှကစားသမားများအပြင် ဥရောပမှ ကစားသမားများလည်း  ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။          ကျော်လွင်

Read 23 times Last modified on Saturday, 19 October 2019 10:09