SJ WorldNews - шаблон joomla Авто

အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မန္တလေးနှင့် မြစ်ကြီးနား မုံရွာနှင့် တောင်ကြီးအသင်းတို့ တွေ့ဆုံ

Saturday, 19 October 2019 13:31 font size decrease font size decrease font size increase font size increase font size

အထက်မြန်မာပြည်တက္ကသိုလ်ပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တစ်ပွဲကို အောက်တိုဘာ ၁၇ ရက်က မန္တလေးမြို့ရှိ  မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြီး မန္တလေးနှင့်မြစ်ကြီးနားအသင်း၊   မုံရွာနှင့်တောင်ကြီးအသင်းတို့  အကြိုဗိုလ်လုပွဲသို့  တက်ရောက်ခဲ့သည်။  

အုပ်စု(က)၌  မန္တလေးအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ်လေးမှတ်ဖြင့် အုပ်စုပထမ၊ တောင်ကြီးအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်သုံးမှတ် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အုပ်စု(ခ)တွင် မုံရွာအသင်းက နှစ်ပွဲနိုင်၊ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ မြစ်ကြီးနားအသင်းက တစ်ပွဲနိုင်၊တစ်ပွဲသရေ ရမှတ်လေးမှတ် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အကြိုဗိုလ်လုပွဲကို အောက်တိုဘာ ၁၉ ရက်တွင် မန္တလာသီရိ အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး တတိယနေရာလုပွဲကို အောက်တိုဘာ ၂၁ ရက်နှင့် ဗိုလ်လုပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

TZW

Read 14 times Last modified on Saturday, 19 October 2019 13:31