SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၉ အမျိုးသားဘောလုံးအသင်းယှဉ်ပြိုင်မည့် အာရှခြေစစ်ပွဲ တိုက်ရိုက်ထုတ်လွှင့် ပြသရန် စီစဉ်

Saturday, 19 October 2019 13:31 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်များမှ မြန်မာ ယူ-၁၉ အမျိုးသားဘောလုံးအသင်း ယှဉ်ပြိုင်မည့်ပွဲစဉ်များကို        MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန်   စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ   ဦးဇော်မင်းထိုက်က ပြောသည်။

၂ဝ၂ဝ အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်များကို နိုဝင်ဘာ ၂ ရက်မှ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး    မြန်မာအသင်းပါဝင်သည့် အုပ်စု(ဈ)ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဈ)၌ မြန်မာအသင်းသည် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။

''မြန်မာ ယူ-၁၉   အသင်းပွဲတွေကို MRTV က တိုက်ရိုက်ပြသခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။    လာမယ့်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးပါမယ်''ဟု  ဦးဇော်မင်းထိုက်က ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည်  အာရှခြေစစ်ပွဲအုပ်စု(ဈ)အဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၆ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၈

ရက်တွင် တောင်ကိုရီးယားအသင်း၊ နိုဝင်ဘာ ၁ဝ ရက်တွင် စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူဆောင်ရွက်နေပြီး ပဏာမကစားသမား ၃ဝ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။   မြန်မာ ယူ-၁၉ အသင်းသည်  အာရှခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာ နောက်ဆုံးပတ်က တရုတ်တိုင်ပေ၌ လေးသင်းပတ်လည် ဖိတ်ခေါ်ပြိုင်ပွဲ   သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။       TZW

Read 19 times Last modified on Saturday, 19 October 2019 13:32