SJ WorldNews - шаблон joomla Авто

ပေါ့ဂ်ဘာ ရီးယဲလ်နည်းပြ ဇီဒန်းနှင့် တွေ့ဆုံ

Saturday, 19 October 2019 13:32 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ဒဏ်ရာပြန်လည်ကောင်းမွန်ရေးအတွက်  ပြီးခဲ့သည့် တစ်ပတ်အတွင်း ဒူဘိုင်းသို့သွားရောက်စဉ် ရီးယဲလ်နည်းပြ ဇီဒန်းနှင့် တွေ့ဆုံခဲ့ကြောင်း   သတင်းများက  ဖော်ပြသည်။

ပေါ့ဂ်ဘာသည် ခြေချင်းဝတ်ဒဏ်ရာ  ရထားသဖြင့် အမြန်ဆုံးပြန်ကောင်းလာနိုင်ရန် ပူနွေးသောရာသီဥတု ရှိသည့် ဒူဘိုင်းသို့ သွားရောက်နေစဉ် ဒူဘိုင်း၌ ကျင်းပသော အားကစားညီလာခံတစ်ခုသို့ တက်ရောက်လာသည့် ဇီဒန်းနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

The Mirror သတင်းစာ၏ ဖော်ပြမှုတွင်   ဇီဒန်းနှင့် ပေါ့ဂ်ဘာတို့သည် ပင်လယ်ကမ်းခြေရှိ ဟိုတယ်တစ်ခု၌ တွေ့ဆုံစကားပြောခဲ့ကြောင်း ပါရှိသည်။ ပေါ့ဂ်ဘာက ပြီးခဲ့သည့် နွေရာသီကတည်းက ဇီဒန်းသည် မိမိကစားသမား ဘဝတွင် လေးစားအတုယူရသူ ဖြစ်ပြီး  ဇီဒန်းလက်အောက်တွင် ကစားခွင့်ရရေးမှာ   အိပ်မက် ဖြစ်သည်ဟု  ပြောထားသောကြောင့် ယခုတွေ့ဆုံမှုအတွက် မန်ယူအသင်းဘက်မှ ဒေါသထွက်ဖွယ် ရှိနေသည်။  

 Ref:Mirror

Read 21 times Last modified on Saturday, 19 October 2019 13:33