SJ WorldNews - шаблон joomla Авто

ဒီဂီယာ ဒဏ်ရာရနေ၍ လီဗာပူးနှင့် ပွဲတွင် မန်ယူဂိုးသမား ရိုမာရို ပွဲထွက်ခွင့်ရမည်

Saturday, 19 October 2019 13:33 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်း၏  အဓိကဂိုးသမား  ဒီဂီယာသည် ဆွီဒင်အသင်းနှင့်ကစားသည့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ၌ ဒဏ်ရာရရှိ သွားခြင်းကြောင့် အောက် တိုဘာ ၂ဝ ရက်ညတွင်  လီဗာပူးနှင့် ကစားရမည့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ၌  ပါဝင်နိုင်တော့မည်မဟုတ်ဘဲ     ထိုပွဲ၌   အာဂျင်တီးနား ဂိုးသမားရိုမာရို ပွဲထွက်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

ရိုမာရိုသည် မန်ယူအသင်း၌  ဒီဂီယာထက် စွမ်းဆောင်ရည် ပိုကောင်းသည့်အတွက် နည်းပြဆိုးလ်ရှားက စိုးရိမ်စရာမရှိဟု ထုတ်ဖော်ပြောသည်။

ရိုမာရိုသည်  ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအတွက် ဦးစားပေး ဂိုးသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး  နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၆ ပွဲကစားထားကာ မန်ယူကစားသမား ဘဝတွင်လည်း ၄၆ ပွဲကစားရာ ခြောက်ပွဲသာ ရှုံးဖူးသည်။ အသက် ၃၂ နှစ်ရှိပြီဖြစ်သော ရိုမာရိုသည် မန်ယူကစားသမား ဘဝတွင်  ပေးဂိုးမရှိပွဲပေါင်း၂၈ ပွဲအထိ ကစားပေးထားသည်။ ရိုမာရိုနှင့် ပတ်သက်ပြီး မန်ယူနည်းပြဟောင်း မော်ရင်ဟိုကလည်း ယုံကြည်မှုအပြည့်ရှိကာ အရေးအပါ ဆုံးပွဲများတွင် ယုံကြည်စွာ ထုတ်သုံးခဲ့သေးသည်။

မော်ရင်ဟိုက  ''ကျွန်တော့်  နည်းပြသက်တမ်းတစ်လျှောက်   ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်နေရတဲ့ ဂိုးသမားအချင်းချင်း ဒီလောက်ချစ်ခင်ရင်းနှီးတာမျိုး   မတွေ့ဖူးဘူး။  ပွဲထွက်ခွင့်ရဖို့ ဂိုးသမားတွေ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်ပေမယ့်  မန်ယူမှာ  ဒီဂီယာနဲ့ရိုမာရိုတို့ကတော့ တော်တော်ချစ်ခင်ကြတယ်။ နှစ်ယောက်စလုံးက  တူညီတဲ့ အဆင့်ရှိကြပေမယ့်  ဒီဂီယာနဲ့  ရိုမာရိုတို့ကတော့ နေရာပြိုင်ဆိုင်မှုမရှိဘဲ  လေ့ကျင့်ရေးကွင်းမှာလည်း တစ်ဦးနဲ့တစ်ဦး အမြဲကူည်ီတတ်ကြတဲ့ သူငယ်ချင်းတွေပါ''ဟု ပြောသည်။

ရိုမာရိုသည် ယခုရာသီတွင် မန်ယူအတွက် နှစ်ပွဲသာ ကစားရသေးသော်လည်း မန်ယူအတွက် နောက်ဆုံး ကစားပေးသည့်   ပရီးမီးယားလိဂ် ခုနစ်ပွဲတွင် ခြောက်ပွဲကို ဂိုးမပေးခဲ့ရဘဲ အိုးထရက်ဖို့ဒ်ကွင်း၌ ကစားသည့်   သုံးပွဲစလုံး  တစ်ဂိုးမှ မပေးခဲ့ရဖူးကြောင်း သိရသည်။

Ref:Dailymail

Read 26 times Last modified on Saturday, 19 October 2019 13:34