SJ WorldNews - шаблон joomla Авто

ဒီဇင်ဘာပွဲကျပ်ကာလတွင် လီဗာပူးအသင်း တစ်လအတွင်း ကိုးပွဲကစားရမည်

Saturday, 19 October 2019 13:34 font size decrease font size decrease font size increase font size increase font size

လီဗာပူးအသင်းသည်  ဒီဇင်ဘာလနှင့် နှစ်သစ်ကူးကာလတွင် တစ်လအတွင်း ပွဲပေါင်းကိုးပွဲအထိ ကစားရမည် ဖြစ်ကြောင်း သိရသည်။

လီဗာပူးအသင်းသည် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆီမီးဖိုင်နယ် အဆင့်မှ စတင်ကစားရမည်ဖြစ်ကာ  ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိပါက ဗိုလ်လုပွဲ၊ ရှုံးနိမ့်ပါက တတိယနေရာလု ပွဲကစားရမည် ဖြစ်သည်။

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကာတာနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး လီဗာပူးအသင်းသည် ဥရောပချန်ပီယံအဖြစ် ဆီမီးဖိုင်နယ်မှ စတင်ကစားရမည်ဖြစ်သည်။ လီဗာပူးအသင်းသည် ဒီဇင်ဘာ ၄ ရက်မှ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ ပွဲပေါင်းကိုးပွဲကစားရမည် ဖြစ်သောကြောင့် ထိုကာလအတွင်း ရလဒ်များ ကောင်းမှသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်မည် ဖြစ်သည်။

လီဗာပူးအသင်းသည် ဒီဇင်ဘာ ၄ ရက်တွင် အဲဗာတန်နှင့် ပရီးမီးယားလိဂ်ပွဲ၊ ဒီဇင်ဘာ ၇ ရက်တွင် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲ၊ ဒီဇင်ဘာ ၁ဝ ရက်တွင် ဆဲလ်ဘတ်နှင့် ချန်ပီယံလိဂ်ပွဲ၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဝက်ဖို့ဒ်နှင့် ပရီးမီးယားလိဂ် ပွဲပြီးပါက ကာတာသို့သွားကာ ဖီဖာကလပ် ကမ္ဘာ့ဖလားပွဲများ ကစားရမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် လက်စတာနှင့်ပရီးမီးယားလိဂ်ပွဲ၊  ဒီဇင်ဘာ ၂၉ ရက်တွင် ဝုဗ်နှင့်ပွဲပြီးပါက ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင်  ရှက်ဖီးလ်ယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲများ ကစားရမည် ဖြစ်သည်။

ယခုနှစ်တွင်   လီဗာပူးအသင်းသည်  ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ  အမှတ်ပေးဇယား ထိပ်ဆုံးမှ  ဦးဆောင်နိုင်သော်လည်း ဒီဇင်ဘာပွဲကျပ် ကာလတွင် အဓိက ကစားသမားများ ဒဏ်ရာပြဿနာကြုံပါက ရာသီနှောင်းပိုင်း ရလဒ်များကောင်းရန် အခက်အခဲရှိနိုင်သည်။

 Ref:BBC

Read 31 times Last modified on Saturday, 19 October 2019 13:35