SJ WorldNews - шаблон joomla Авто

အီဂျစ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

Sunday, 20 October 2019 09:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၉

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က   ကြီးမှူးကျင်းပသည့် Inter-national Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲတွင် ကျင်းပလျက်ရှိသည့်    အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ    ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်   ယနေ့မြန်မာစံတော်ချိန်  ညနေ ၄  နာရီခွဲတွင်    မြန်မာ့လက်ရွေးစင် ကြက်တောင်မယ်    သက်ထားသူဇာနှင့် အိန္ဒိယကြက်တောင်မယ် ကာနီကာကန်ဝယ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် ပထမအဆင့်မှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး အိမ်ရှင်အီဂျစ်ကြက်တောင်မယ် မိုဟာမက်အဘီဒယ်ကာဒါတို့ ယှဉ်ပြိုင် ကစားခဲ့ရာ လက်ရည်အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် ၂၁ မှတ် ၄ မှတ်ဖြင့် လည်းကောင်း၊ဒုတိယပွဲစဉ်တွင် ၂၁ မှတ် - ၇ မှတ်ဖြင့် လည်းကောင်း ပြတ်ပြတ်သားသား နိုင်ခဲ့ပြီး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့် ပွဲစဉ်တွင် အိန္ဒိယကြက်တောင်မယ် ရီတီကာသာကာနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း အနည်းငယ်ခက်ခဲစွာ ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ပထမပွဲစဉ်တွင် ၂၁ မှတ် ၁၇ မှတ်ဖြင့်လည်း

ကောင်း၊ ဒုတိယပွဲစဉ်တွင် ၂၄ မှတ် ၂၂ မှတ်ဖြင့် လည်းကောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အိန္ဒိယကြက်တောင်မယ် ကာနီကာကန်ဝယ်နှင့် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာတွင်လည်း ပထမပွဲစဉ်တွင် ၂၁ မှတ်၁၄ မှတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ၂၁ မှတ် ၁၇ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အဆင့် ၆၅ နေရာတွင် ရပ်တည်နေသည့် သက်ထားသူဇာ အနေဖြင့် အီဂျစ်အင်တာနေရှင်နယ် စီးရီးကြက်တောင်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် ကနေဒါကြက်တောင်မယ် ဒန်နီရယ်မာစီရက်စ်နှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။

Read 23 times Last modified on Sunday, 20 October 2019 09:43