SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အာဆီယံပြိုင်ပွဲအတွက် ကစားသမား စာရင်းထုတ်ပြန်

Sunday, 20 October 2019 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၉

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဗီယက်နမ်နိုင်ငံ  ဟိုချီမင်းမြို့ရှိ  Phu Tho Stadium ၌ကျင်းပမည့် AFF HD Bank Futsal Championship 2019 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် အပြီးသတ် ကစားသမား ၁၆ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ၂၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ၁ နာရီတွင် တီမောအသင်း၊ အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ အောက်တိုဘာ ၂၃ရက် နံနက် ၁၁ နာရီတွင် ထိုင်းအသင်းတို့နှင့်  အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းအနေဖြင့်  အုပ်စု(A)တွင်  ထိုင်းလက်ရွေးစင် ဖူဆယ်အသင်း၊  ကမ္ဘောဒီးယား လက်ရွေးစင် ဖူဆယ်အသင်းနှင့်   တီမောလက်ရွေးစင် ဖူဆယ်အသင်း၊ အုပ်စု(B)တွင် ဗီယက်နမ်အသင်း၊  မလေးရှားအသင်း၊ အင်ဒိုနီးရှားအသင်းနှင့် သြစတြေးလျအသင်းတို့ ပါဝင်ကြသည်။             

Read 27 times Last modified on Sunday, 20 October 2019 09:46