SJ WorldNews - шаблон joomla Авто

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင်

Sunday, 20 October 2019 09:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၉

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းတို့    ဗိုလ်လုပွဲ တက်ရောက်သွားကြောင်း သိရသည်။

ယနေ့ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန အသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉ဝ တွင် တစ်ဖက် တစ်ဂိုးစီသရေကျနေသဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းက ၈ ဂိုး၊ ၇ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အောက်တိုဘာ ၂ဝတွင် ပြိုင်ပွဲများ ရပ်နားမည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် တတိယလုပွဲ ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 23 times Last modified on Sunday, 20 October 2019 09:50