SJ WorldNews - шаблон joomla Авто

မြန်မာဖူဆယ်အသင်း ခြေစမ်းပွဲတွင် ဗီယက်နမ်ကလပ် အသင်းကို ဂိုးပြတ်အနိုင်ရ

Sunday, 20 October 2019 11:27 font size decrease font size decrease font size increase font size increase font size

AFF Futsal Championship 2019ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဗီယက်နမ်ကလပ်အသင်း ဖြစ်သော SaiGon အသင်းနှင့် အောက်တိုဘာ ၁၉ ရက်က ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ရာ ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲစဉ်သည် အပြီးသတ် ကစားသမား ရွေးချယ်ရေးအတွက်  နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသော ခြေစမ်းပွဲဖြစ်ရာ ကစားသမားအစုံအလင်ကို ထည့်သွင်း အသုံးပြုကာ စမ်းသပ်ခဲ့သည့်ပွဲစဉ်လည်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်း အတွက်   ဂိုးများကို   ပြည့်ဖြိုးမောင်(၃)၊  ခင်ဇော်လင်း၊ နိုင်ရဲကျော်နှင့် ကျော်စိုးမိုးတို့က သွင်းယူပေးခဲ့ကြောင်း၊   ပွဲအပြီးတွင် အပြီးသတ် ကစားသမားစာရင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

Read 20 times Last modified on Sunday, 20 October 2019 11:28