SJ WorldNews - шаблон joomla Авто

မြန်မာအမျိုးသမီးအသင်း ပါဝင်သည့် အိုလံပစ်ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ထွက်ပေါ်

Sunday, 20 October 2019 11:32 font size decrease font size decrease font size increase font size increase font size

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း   ပါဝင်ယှဉ်ပြိုင်မည့်   ၂ဝ၂ဝ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲနောက်ဆုံးအဆင့် ပွဲစဉ်များ   ထွက်ပေါ်ခဲ့သည်။

အဆိုပါအိုလံပစ်ခြေစစ်ပွဲ  နောက်ဆုံးအဆင့် မဲခွဲပွဲကို  မလေးရှားနိုင်ငံရှိ  အာရှဘောလုံးအဖွဲ့ချုပ် ရုံးခန်း၌ အောက်တိုဘာ ၁၈  ရက်က ကျင်းပသည်။  အမျိုးသမီးဘောလုံး အိုလံပစ်ခြေစစ်ပွဲ  နောက်ဆုံးအဆင့် အုပ်စု(က)ကို တောင်ကိုရီးယားနိုင်ငံ၌ လက်ခံ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် တောင်ကိုရီးယား၊    မြောက်ကိုရီးယား၊ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု(ခ)ပွဲစဉ်များကို တရုတ်နိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင်   တရုတ်၊ သြစတြေးလျ၊ ထိုင်း၊ တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်တွင် အုပ်စု(က)၌ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းတို့ကို ကျော်ဖြတ်၍ ခြေစစ်ပွဲ နောက်ဆုံးအဆင့်သို့   တက်ရောက်ခဲ့ခြင်းဖြစ်သည်။  အမျိုးသမီးဘောလုံး  အိုလံပစ်ခြေစစ်ပွဲ    နောက်ဆုံးအဆင့် ပွဲစဉ်များကို   ၂ဝ၂ဝ  ပြည့်နှစ်  ဖေဖော်ဝါရီ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားပြီး အုပ်စုပထမနှင့် ဒုတိယနေရာရရှိသည့်   အသင်းလေးသင်းသည်   Play-off အဆင့်သို့ တက်ရောက် ကစားခွင့်ရမည်ဖြစ်သည်။ Play-off အဆင့်ပွဲစဉ်များကို ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု(က) ပထမနှင့် အုပ်စု(ခ)ဒုတိယအသင်း၊ အုပ်စု(ခ) ပထမနှင့် အုပ်စု(က) ဒုတိယအသင်းတို့ အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ကစားရမည်ဖြစ်ကာ အနိုင်ရသည့် အသင်းနှစ်သင်းသည်  ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂ဝ၂ဝ  နွေရာသီအိုလံပစ်   အားကစားပြိုင်ပွဲကို   ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၈ ရက်အထိ  ဂျပန်နိုင်ငံ၌  ကျင်းပမည်ဖြစ်သည်။

Read 30 times Last modified on Sunday, 20 October 2019 11:34