SJ WorldNews - шаблон joomla Авто

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်း နောက်ဆုံး ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရ

Monday, 21 October 2019 10:25 font size decrease font size decrease font size increase font size increase font size

္တလေး ၊ ဘောလုံး

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အတွက် မ္တလေး မြို့၌ လေ့ကျင့်ပြင်ဆင် နေသည့်  မြန်မာ  ယူ- ၁၉  အမျိုးသမီး အသင်းသည် နောက်ဆုံး ခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်က အမျိုးသမီး လိဂ်ချန် ပီယံ အားကစားနှင့် ကာယပညာသိပ္ပံ အမျိုးသမီး အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့ ကြောင်း သိရသည်။

 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားသည့် ခြေစမ်းပွဲဖြစ်သောကြောင့် အမာခံ ကစားသမားအစုံအလင်ဖြင့်  ပွဲထွက်ခဲ့သည်။  မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် မြတ်နိုးခင် နှင့်  စန်းသော်သော်တို့ သွင်းယူသည့်ဂိုးများဖြင့် အနိုင် ရခဲ့ခြင်းဖြစ်သည်။ အားကစားနှင့်ကာယပညာသိပ္ပံ အမျိုး သမီးအသင်းမှာ လက်ရွေးစင်အသင်းသို့ပေးထားရသည့် ကစားသမားများ ပါဝင်နိုင်ခြင်းမရှိဘဲ လူငယ်ကစားသမား အများစုဖြင့်သာ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။  မြန်မာ  ယူ-၁၉ အမျိုးသမီးအသင်းသည် မ္တလေး ခြေစမ်းခရီးစဉ် တွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲနှင့် ပြည်တွင်း ခြေစမ်းပွဲနှစ်ပွဲ  ယှဉ်ပြိုင်ကစားရာ  တစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့ သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနှင့်  ခြေစမ်းပွဲနှစ်ပွဲကစားရာ ပထမပွဲတွင် ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး  ဒုတိယပွဲတွင်  နှစ်ဂိုးစီ သရေကျခဲ့သည်။                        

TZW.

Read 42 times Last modified on Monday, 21 October 2019 10:26