SJ WorldNews - шаблон joomla Авто

ဘူလ်ဂေးရီးယား နည်းပြနှင့် အက်ဖ်အေ အမှုဆောင် ကော်မတီဝင် အားလုံး ရာထူးမှ နုတ်ထွက်

Monday, 21 October 2019 11:42 font size decrease font size decrease font size increase font size increase font size

ဆိုဖီယာ၊ ဘောလုံး

အင်္ဂလန်အသင်းကို ခြောက်ဂိုးပြတ်ရှုံးသည့် ယူရို ၂၀၂၀ ခြေစစ်ပွဲ အိမ်ကွင်းပွဲတွင် ဘူလ်ဂေးရီးယား ပရိသတ်များသည် အင်္ဂလန် အသင်းမှ လူမည်း ကစားသမားများကို မျောက်သံပေးပြီး  လူမျိုးရေးခွဲခြား စော်ကားသကဲ့သို့ နာဇီအလေးပြု ဟန်များ ပြုလုပ်ခြင်း၊ အရာဝ္ထုများဖြင့်  ကွင်းအတွင်းပစ်ပေါက်ခြင်း များပြုလုပ်ခဲ့မှုအား မျက်ကွယ်ပြုပြီး မိမိထိုအသံများ မကြားခဲ့ဟု မီဒီယာများသို့ပြောခဲ့သည့် ဘူလ်ဂေးရီးယားနည်းပြ ဘာလာ ကော့ဗ်နှင့် ဘူလ်ဂေးရီးယား အက်ဖ်အေ အမှုဆောင် ကော်မတီ ၀င်အားလုံးသည် အောက်တိုဘာ ၁၈ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ရာထူးမှ နုတ်ထွက် ကြောင်း အတည်ပြု ကြေညာခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပရိသတ်ကြောင့် နှစ်ကြိမ်တိုင် ပွဲရပ်ဆိုင်းခဲ့ရပြီး ယူအီးအက်ဖ်အေမှ ဘူလ်ဂေးရီးယား အသင်းကို အရေး ယူမည် ဟုလည်း အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။

Ref:Dailymail

Read 17 times Last modified on Monday, 21 October 2019 11:42