SJ WorldNews - шаблон joomla Авто

မာတာနှင့် ဖယ်လိုင်နီကို ခေါ်ခဲ့ ကတည်းက မန်ယူ အခက်ကြုံပြီဟု ပေါလ်စခိုး ပြော

Monday, 21 October 2019 11:43 font size decrease font size decrease font size increase font size increase font size

၂၀၁၃ ခုနှစ်က မန်ယူအသင်းမှ နည်းပြ ကြီး ဖာဂူဆန်အနားယူသွားပြီးနောက် ဆက်ခံ သည့် နည်းပြသစ် ဒေးဗစ်မို ယက်စ်နှင့် အသင်း ဒုတိယအမှုဆောင် ဥက်္ကဋ္ဌ ၀ုဒ်ဝပ်တို့ ပထမဆုံး ခေါ်ယူခဲ့သော ကစားသမားနှစ်ဦးမှာ မာတာ နှင့် ဖယ်လိုင်နီတို့ ဖြစ်နေကတည်းက မန်ယူ တွင် ပြဿနာအချက်ပေး ခေါင်းလောင်းသံများ  စတင်ကြားခဲ့ရခြင်းဖြစ်သည်ဟု  မန်ယူ ကွင်းလယ် ကစားသမားဟောင်း   ပေါလ်စခိုး ကပြောသည်။

ပေါလ်စခိုးက ““၂၀၁၃ ခုနှစ်မှာ မိုယက်စ် လက်ထက် ပထမဆုံးခေါ်ယူခဲ့တဲ့ နှစ်ယောက် က မာတာနဲ့ ဖယ်လိုင်နီဖြစ် နေတယ်။ ပေါင် သန်း ၇၀ လောက်သုံးပြီး ဒီကစားသမားနှစ် ဦးကို ခေါ်ခဲ့ကတည်းက ပြဿနာအချက်ပေး ခေါင်းလောင်း သံကြားလိုက်ရသလို ခံစားရ တယ်။ သူတို့နှစ်ယောက်က  မန်ယူအတွက် ကစားသမားကောင်းတွေ  မဖြစ်လာနိုင်ဘူး။ ဆာအဲလက်စ် ဖာဂူဆန်နဲ့    အရင်အသင်း အကြီးအကဲ  ဒေးဗစ်ဂီလ်တို့ဆိုရင်  ဒီလို ကစားသမားတွေကို     ခေါ်မှာ မဟုတ်ဘူး။  ကျွန်တော်တို့    ဖာဂူဆန်ခေတ်နောက်ပိုင်း စပြီးခေါ်ယူလိုက်တဲ့   ကစားသမားတွေက မန်ယူ ကစားသမား ဆိုတဲ့ ရိုးရာကို  မသိကြ သူတွေဖြစ်နေတယ်။   ဆိုးလ်ရှား  နည်းပြ အဖြစ်ဝင်လာတော့ သူက မန်ယူ ကစားသမား ဖြစ်သင့်သူတွေကို   ဖြစ်အောင်မှန်ကန်တဲ့ ရွေးချယ်မှုလုပ်ဖို့တော့ အခွင့်အရေးရခဲ့ပါပြီ””ဟုပြောသည်။                    

Ref:Metro

Read 46 times Last modified on Monday, 21 October 2019 11:43