SJ WorldNews - шаблон joomla Авто

၁၃ နှစ်အတွင်း မာယော့ကာကို ပထမဆုံးရှုံးပြီး ရီးယဲလ် ယခုရာသီ ပထမဆုံးလာလီဂါရှုံး ပွဲကြုံ

Tuesday, 22 October 2019 09:23 font size decrease font size decrease font size increase font size increase font size

ဥရောပတွင် အအောင်မြင်ဆုံးအသင်းဖြစ် သော ရီးယဲလ်အသင်းသည် အောက်တိုဘာ၂ဝ ရက် နံနက်က တန်းတက်မာယော့ကာအသင်းနှင့် လာလီဂါပွဲစဉ်၌   မထင်မှတ်ဘဲ ၁ ဂိုး- ဂိုးမရှိဖြင့်ရှုံးနိမ့်ကာ   ယခုရာသီ  ပထမဆုံး    လာလီဂါရှုံးပွဲကြုံ ရသကဲ့သို့ မာယော့ကာကို ၂ဝဝ၆ ခုနှစ်နောက်ပိုင်း  ၁၃  နှစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရသည်။

ပွဲစပြီး ခုနစ်မိနစ်အကြာမှာပင် မာယော့ကာအတွက် လာဂိုဂျူနီယာက တစ်လုံးတည်းသော အနိုင်ဂိုးကို တစ်ကိုယ်တော် ထိုးဖောက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ  နောက်ပိုင်းတွင် ရီးယဲလ်မှ အိုဒရီယိုဇိုလာ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည့် အတွက်လည်း အရန်ကစားသမားများစွာဖြင့် ကစားခဲ့သည့် ရီးယဲလ်အသင်း ချေပဂိုးပင် ပြန်မသွင်းနိုင်ဘဲ  ရှုံးခဲ့ရ ခြင်းဖြစ်သည်။

ရီးယဲလ်သည် နောက်တစ်ပတ်ကြားရက်တွင် ဂါလာတာဆာရေးနှင့် ချန်ပီယံလိဂ်ပွဲ ကစားရန် ရှိနေသကဲ့သို့ ဒဏ်ရာရကစားသမားများလည်း ရှိနေခြင်းကြောင့် နည်းပြ ဇီဒန်းသည် ဘေးလ်၊ မိုဒရစ်၊ တိုနီကရူးစ်၊ ဟာဇက်နှင့် ဗာရာနီတို့ကို အနားပေးကာ ရိုဒရီဂွက်ဇ်၊ လူကာဂျိုဗစ်ခ်ျ၊ အစ္စကိုတို့နှင့် တခြားအရန်များသာသုံးပြီး ကစားခဲ့ရာမှ ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။              Ref:Dailymail

Read 20 times Last modified on Tuesday, 22 October 2019 09:24