SJ WorldNews - шаблон joomla Авто

မန်စီးတီးအတွက် ဂိုး ၅ဝ ပြည့်သွင်းနိုင်သော တိုက်စစ်မှူးဂျီးဆက်ကိုေ၈ျမီရက်ဒ်နပ် ချီးကျူး

Tuesday, 22 October 2019 09:24 font size decrease font size decrease font size increase font size increase font size

မန်စီးတီးအသင်းသည် အောက်တိုဘာ ၁၉ ရက်ညက ပဲလေ့စ်ကို နှစ်ဂိုးပြတ်အနိုင်ရသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒိုင်ဗင်ထိုးပြီး   ခေါင်းတိုက်ဂိုး သွင်းယူခဲ့ခြင်းဖြင့်   မန်စီးတီးအသင်းအတွက် တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆက်သည် ဂိုး ၅ဝ ပြည့်သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။  ဂျီးဆက်သည် လက်ရှိတွင် မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး  အဂူရိုနောက် ဒုတိယဦးစားပေး တိုက်စစ်မှူးအဖြစ်သာ  နေရာရနေသူဖြစ်သည်။

ထိုပွဲကို ရုပ်သံမှ တင်ဆက်ခဲ့သော  လီဗာပူးကစားသမားဟောင်း ဂျေမီရက်ဒ်နပ်က ၂၂ နှစ်အရွယ်တွင် အကောင်းဆုံး ခြေစွမ်းပြ နေနိုင်သော ဂျီးဆက်အား ချီးကျူးခဲ့သည်။ ရက်ဒ်နပ်က ''ဒုတိယဦးစားပေး တိုက်စစ်မှူး တစ်ယောက်အကြောင်း ပြောတာမဟုတ်ဘူး။ သူ့အတွက် ဒီအနေအထားက အရမ်းခက်ခဲပေမယ့် ဂျီးဆက်က  တကယ့်ကို ကောင်းလွန်းတဲ့ကစား သမားပါ''ဟု ချီးကျူးခဲ့သည်။

Ref:BBC

Read 23 times Last modified on Tuesday, 22 October 2019 09:25