SJ WorldNews - шаблон joomla Авто

မန်ယူကိုဝယ်ယူရန်ပေါင်သုံးဘီလီယံဖြင့် ကမ်းလှမ်းမှု ပယ်ချခံရသော်လည်း ဆော်ဒီအိမ်ရှေ့မင်းသား ထပ်မံကမ်းလှမ်းရန် စီစဉ်

Tuesday, 22 October 2019 09:25 font size decrease font size decrease font size increase font size increase font size

ဆော်ဒီအိမ်ရှေ့မင်းသား   မိုဟာမက်ဘင်ဆယ်မန်သည် မန်ယူအသင်းကို ဝယ်ယူရန်နှစ်ကြိမ် တိုင် ကမ်းလှမ်းခဲ့ပြီး ဖြစ်ရာတွင်   မန်ယူပိုင်ရှင် ဂလေဇာမိသားစုမှ   မည်သည့်ဈေးနှုန်းနှင့်မျှ ရောင်းချရန်စိတ်မဝင်စားဟု တုံ့ပြန် ခဲ့သော်လည်း ဆယ်မန်သည် မန်ယူကို ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း  မိုင်ရာသတင်းစာက  ဖော်ပြသွားသည်။

နှစ်ကြိမ်ကမ်းလှမ်းမှုတွင်  မင်းသားဆယ်မန်သည် မန်ယူအသင်းကို  ပေါင်သုံးဘီလီယံဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ထိုနှစ်ကြိမ်စလုံး ငြင်းဆန်ခံရသော်လည်း လက်ရှိ မန်ယူအသင်းအနေအထားသည်   ရလဒ်များ ဆိုးရွားလွန်းနေခြင်းနှင့်အတူ ယခုနှစ်အတွက် ဝင်ငွေစာရင်းတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အရှုံးပေါ်ရန် ရှိနေသောကြောင့် ထပ်မံ ကမ်းလှမ်းရန်စီစဉ်နေရာ မန်ယူပိုင်ရှင်များဘက်မှ စဉ်းစားဖွယ်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်ကပင် မန်ယူအသင်းပိုင်ရှင်များထဲမှ မိသားစုဝင်တစ်ဦးဖြစ်သော ကီဗင်ဂလေဇာသည်    နယူးယောက်စတော့အိတ်ချိန်း၌ တင်ရောင်းထားသည့် ၄င်းပိုင်ဆိုင်သော ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ထုတ်ရောင်းရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ မန်ယူအသင်းအင်္ကျီရင်ဘတ်ရှေ့   လိုဂိုစပွန်ဆာပေးထားသော  Chevrolet  သည်လည်း  ယခင် ပေါင်သန်း ၄၅ဝ ပေးထားသည့် စပွန်ဆာစာချုပ်ကို သက်တမ်းမတိုးလိုတော့သည့်အတွက် ကီဗင်ဂလေဇာသည် ပိုမိုအရှုံးပေါ်ပြီး ရှယ်ယာတန်ကြေးများ   ထပ်မကျမီ  အသင်းရှယ်ယာ ၁၃ ရာခိုင်နှုန်း  ငွေကြေးတန်ဖိုးအားဖြင့် ပေါင်သန်း ၂၇ဝ  ကို  ထုတ်ရောင်းလိုနေခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်ယူအသင်း၏   ရှယ်ယာတန်ကြေးသည် ဆိုးလ်ရှားကို နည်းပြမခန့်မီ ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ  ၂ဝ  ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၁၅ ဒေါ်လာနှုန်းအထိ ဈေးကျသွားခဲ့ရပြီဖြစ်၍ ကီဗင်ဂလေဇာက ရှယ်ယာများ ရောင်းချလိုနေခြင်း ဖြစ်သည်။

ဆော်ဒီမင်းသား  မိုဟာမက်ဘင်ဆယ်မန်၏ တော်ဝင်မိသားစုပိုင်  ဆော်ဒီတယ်လီကွန်းကုမ္ပဏီသည် မန်ယူအသင်း၏ တယ်လီကွန်းပါတနာအဖြစ် ပူးပေါင်းထားသည့်အတွက်  မန်ယူကို အပြီးသတ်ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

          Ref:Mirror

Read 23 times Last modified on Tuesday, 22 October 2019 09:25