SJ WorldNews - шаблон joomla Авто

ကောလင်းနှင့် ပြဿနာကြောင့် ဇနီးသည်အား လှောင်ပြောင်သည့် ဘန်လေပရိသတ်များကို တိုက်စစ်မှူးဗာဒီ ဂိုးသွင်းပြီး မကျေမနပ်တုံ့ပြန်

Tuesday, 22 October 2019 09:26 font size decrease font size decrease font size increase font size increase font size

လက်စတာအသင်းသည် အောက်တိုဘာ ၁၉ ရက်ညက ဘန်လေကို နောက်မှလိုက်ကစားရပြီး ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘန်လေအသင်း ပရိသတ်များက လက်စတာတိုက်စစ်မှူး  ဂျေမီဗာဒီကို  ဇနီးသည်   ရီဘက္ကာနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့ကြခြင်းကို ဗာဒီက ချေပဂိုးသွင်းပြီးနောက် ဘန်လေ ပရိသတ်များ ပွဲကြည့်စင်သို့ ပြေးသွားပြီး နားနှစ်ဖက်ကို လက်ဖြင့်ကာ၍  တုံ့ပြန်မှုပြုလုပ်ခဲ့သည်။  အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်းနီ၏ ဇနီးသည် ကောလင်းက ပြီးခဲ့သည့်တစ်ပတ်တွင် အင်္ဂလန်ဘောလုံး သမားများ၏ ဇနီး၊ ချစ်သူများကြား ခင်မင်မှုကိုအသုံးချကာ ရီဘက္ကာသည် သီးသန့်စုဖွဲ့ထားသည့် တွစ်တာမှ မိမိတို့မိသားစုအတွင်းရေးများကို မဟုတ်သတင်း များနှင့်အတူ The Sun သတင်းစာသို့ ထုတ်ရောင်းနေခဲ့သည်ဟု လူသိရှင်ကြား ဝေဖန်ခဲ့သည်။ ထို့ကြောင့် ဘန်လေပရိသတ်များက ဗာဒီကို ဇနီးသည်၏ အဖြစ်အပျက်အတွက် ရည်ရွယ်ကာ ''ဗာဒီမင်းဇနီးက ရာဇဝတ်မှုကျူးလွန်လို့ တိုင်ကြားခံရသူဖြစ် တယ်'' ဆိုသောသီချင်းကို သီဆိုလှောင်ပြောင်ခဲ့ကြခြင်း ဖြစ်သည်။

အဝေးကွင်းတွင် လာရောက်ကစားကြသော ဘန်လေအသင်း ပရိသတ်များသည် ၄င်းတို့အသင်း ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နေစဉ်တွင် ထိုသီချင်းကို သီဆိုလှောင်ပြောင်ခဲ့ကြကာ ဗာဒီက ပထမပိုင်းမပြီးမီ ချေပဂိုးသွင်းပြီးနောက် ဘန်လေပရိသတ်ဆီသို့ ပြေးသွားပြီး အောင်ပွဲခံပြခဲ့ခြင်း ဖြစ်သည်။

  Ref:Dailymail

Read 26 times Last modified on Tuesday, 22 October 2019 09:26