SJ WorldNews - шаблон joomla Авто

One Championshipက အောင်လအန်ဆန်နှင့် ဗီရာတို့ ပွဲစဉ်ကို အကောင်းဆုံး အလဲထိုးနိုင်ပွဲ အဖြစ် သတ်မှတ်

Tuesday, 22 October 2019 09:26 font size decrease font size decrease font size increase font size increase font size

 

ဂျပန်နိုင်ငံ၌  ကျင်းပခဲ့သည့်  MMA (One Championship)  ပြိုင်ပွဲတွင် အမေရိကန်-ဖိလစ်ပိုင်ဖိုက်တာ ဘရန်ဒန် ဗီရာကို အလဲထိုး အနိုင်ယူပြီး လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ် နိုင်ခဲ့သည့် အောင်လအန်ဆန်၏ နိုင်ပွဲကို အကောင်းဆုံး အလဲထိုးနိုင်ပွဲအဖြစ် One Championship က  သတ်မှတ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပသည့်   MMA  ပြိုင်ပွဲတွင်  အောင်လအန်ဆန်က ဘရန်ဒန်ဗီရာ ကို  အကြိတ်အနယ်ယှဉ်ပြိုင်ပြီး  ဒုတိယ အချီ ၃ မိနစ် ၂၄ စက္ကန့်တွင် လက်သီးချက် များဖြင့် အလဲထိုးအနိုင်ယူခဲ့သည်။ ထိုသို့ အကောင်းမွန်ဆုံး ပွဲသိမ်းလက်သီးချက်များဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သည့် အောင်လအန်ဆန် ၏နိုင်ပွဲကို   One Championship က  အကောင်းဆုံးအလဲထိုးနိုင်ပွဲအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ MMA ပြိုင်ပွဲ၌  Century Part-1နှင့် Part-2 ဟူ၍ နှစ်မျိုး ကျင်းပခဲ့ပြီး တွဲဆိုင်း ၂၈ ဆိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

TZW

Read 28 times Last modified on Tuesday, 22 October 2019 09:27