SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၂၂ အသင်း လေ့ကျင့် ခြေစမ်းပွဲများ ကစားရန် ကာတာနိုင်ငံသို့ သွားရောက်

Tuesday, 22 October 2019 09:27 font size decrease font size decrease font size increase font size increase font size

မြန်မာ့လက်ရွေးစင်  ယူ -၂၂  အသင်း သည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်ခြေစမ်းပွဲများ ကစားရန် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကာတာနိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာ ယူ -၂၂ အသင်းကို အုပ်ချုပ်သူအဖြစ်    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်နှင့်   ဧရာဝတီယူနိုက် တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊ နည်းပြချုပ် အဖြစ် ပိုပေါ့တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ကာတာလေ့ကျင့်ရေး ခရီးစဉ်သို့  အုပ်ချုပ်သူ/နည်းပြ ၁၂ ဦး၊ ကစားသမား ၂၆ ဦး လိုက်ပါသွားသည်။

မြန်မာ ယူ -၂၂ အသင်းသည် ကာတာ နိုင်ငံ ဒိုဟာမြို့၌ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ (မြန်မာစံတော်ချိန် ည ၁ဝ နာရီ)တွင်    နီပေါ  ယူ-၂၃ အသင်း၊ အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် ည ၈ နာရီ  (မြန်မာစံတော်ချိန်  ည ၁၁ နာရီခွဲ)တွင် ကာတာကလပ် AL Owaina အသင်း၊ အောက်တိုဘာ ၃၁ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီ (မြန်မာစံတော်ချိန် ည ၁ဝ နာရီ)တွင်   ကာဂျစ္စတန် ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

TZW

Read 32 times Last modified on Tuesday, 22 October 2019 09:27