SJ WorldNews - шаблон joomla Авто

အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်း နှစ်ပွဲဆက် အနိုင်ရ

Wednesday, 23 October 2019 09:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဖူဆယ်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲတွင် မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် ကမောဒီးယား အသင်းကို ၁၃ ဂိုး -၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု အဖွင့်ပွဲတွင်လည်း တီမော အသင်းကို ၆ ဂိုး-၁ ဂိုးဖြင့် အနိုင်ရထားသည့်အတွက် နှစ်ပွဲဆက်အနိုင်ရကာ အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၂၂ ရက်က ဗီယက်နမ် နိုင်ငံ  ဟိုချီမင်းမြို့၌ ယှဉ်ပြိုင်သည့် ယင်းပြိုင်ပွဲ အုပ်စုဒုတိယပွဲတွင် မြန်မာဖူဆယ်

အသင်းသည် ကမောဒီးယား အသင်းကို ခြေစွမ်းအသာဖြင့် ကစားပြီး ဂိုးပြတ်အနိုင် ရခဲ့ခြင်းဖြစ်သည်။

မြန်မာဖူဆယ် အသင်းသည်  အုပ်စု(က)၌ လက်ရှိချန်ပီယံ ထိုင်း၊ တီမော၊ ကမောဒီးယား အသင်းတို့နှင့် ကျရောက် နေပြီး အုပ်စု(ခ)တွင် အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ အသင်းတို့ပါဝင်သည်။

မြန်မာဖူဆယ် အသင်းသည် အုပ်စု လက်ကျန်ပွဲစဉ် အဖြစ် အောက်တိုဘာ ၂၃ ရက်တွင် ထိုင်းအသင်းနှင့်  အုပ်စုပထမ နေရာ အတွက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Read 40 times Last modified on Wednesday, 23 October 2019 10:06